Unicode
~~~~~~~လုဖန်တို့ထွက်သွားပြီး မကြာလိုက်ပေ သခင်ကြီး သခင်မကြီးနှင့်အတူ ဒေါ်လေးလီနှင့် ဧည့်သည်ဖြစ်သည့် Dong တို့ ၄ ဦး အိမ်တော်တို့ ရောက်လာကြသည် ။ သခင်မကြီး လီဟယ်နာက သူမအမေ ဧည့်ခန်းထဲမှာ မူးလဲနေသည်ကိုလဲမြင်ရော စိတ်ထိတ်စွာဖြင့် အပြေးရောက်လာကာ အော်ခေါ်နေ၏ ။
" မေမေ … မေမေ ……ဘာဖြစ်သွားတာလဲ မိုခွန်း ……မင်းအဖွားဘာဖြစ်သွားတာလဲ "
" စိတ်ထိန်းပါမေမေ ……သားရှင်းပြမယ် "
သခင်ကြီးက ဆရာဝန်ကိုဆက်သွယ်ကာ အစောင့်တွေကို လဲကျနေသည့်အဖွားအား အခန်းထဲပို့ရန် ကူသယ်ဖို့အမိန့်ပေးနေ၏ ။ Dong ကတော့ အဝေးတနေရာကနေ ရပ်ကြည့်နေသည် ။ မိုခွန်းက အဖွားဖြစ်သူကို ထိန်းပေးထားရင် မိခင်ကိုပါ စိတ်အေးစေရန် လက်ကိုကိုင်လိုက်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြလာခဲ့သည် ။
" ဒီနေ့ ညီလေးက ဖွားဖွားမကြိုက်တာတစ်ခုလုပ်မိသွားတယ် "
" မင်းအဖွားတောင် မူးမေ့တယ်ဆိုတော့ သားငယ်ဘာတွေလုပ်လိုက်တာလဲ …… သူခု ဘယ်မှာလဲ "
" ညီလေးက ယွင်ရှန့်ကိုခေါ်ပြီး ထွက်သွားပြီမေမေ "
ထိုအခါတွင်သခင်မကြီးက တွေးစစဖြင့် ……
" အဲ့ဒါက ဟိုတလောက သားခေါ်ထားတဲ့အရုပ်မှတ်လား ……သူတို့ကိစ္စကပြီးသွားပြီလေ ……သူကဘာကြောင့် အိမ်တော်ကိုပြန်ရောက်လာတာလဲ ……မင်းအဖွားသူ့ကိုတစ်ခုခုလုပ်ခဲ့တာလား ……ဒါကြောင့်သားကစိတ်ဆိုးသွားတာလား "
သခင်မကြီးပို၍ စိတ်ပူပန်လာ၏ ။
" သားကြီး အဖွားကိုထားခဲ့ပြီး မင်းညီကိုသွားရှာ ……သူ့မွေးနေ့ကရောက်ခါနီးပြီ …… ရှေ့အပတ်မှာ မေမေတို့ ပေကျင်းကိုအရောက်သွားရမယ် "
" ဟုတ်ကဲ့မေမေ ……သားရအောင် ပြန်ခေါ်လာခဲ့မယ် "
မိုခွန်းအိမ်တော်ကနေ အမြန်ထွက်လာခဲ့သည် ။ သို့ပေမဲ့ သူ လုဖန်ကို ပြန်ခေါ်သင့်မခေါ်သင့် ဝေခွဲမရဖြစ်နေ၏ ။ အိမ်တော်ကထွက်လာပြီး အလှမ်းဝေးသည့်နေရာရောက်မှ မိုခွန်း ကားကိုဖြေးဖြေးမောင်းကာ စဉ်းစားခန်းဖွင့်နေလေတော့သည် ။
YOU ARE READING
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )