Unicode
~~~~~~~Chapter - 13
ဟေးယောင်အတွက် မနက်စာကိုပြင်နေရင်း ရှင်းတစ်ယောက်အပျော်လွန်နေ၏ ။ ကိုချစ်ရတဲ့သူအတွက် မနက်စာပြင်ပေးရခြင်းထက် ကြည့်နူးမှုရစေသည့်အရာမရှိ ။ အချစ်တွေအများကြီးထည့်ပေါင်းကာ ပြင်စင်ထားသည့်မနက်စာဖြစ်၍ သေချာပေါက် ဟေးယောင်သဘောကြလ်ိမ့်မည် ။
ရှင်းက မနက်စာပြင်ပြီးသွားတော့ အိပ်ယာထဲမှာ ကွေးကွေးလေး အိပ်နေဆဲဖြစ်တဲ့ ဟေးယောင်ကိုယ်လေးအား အနောက်မှနေ ဖက်လိုက်ပြီး အဝါရောင်ဆံနွယ်နုနုလေးတွေကို နမ်းရှိုက်လိုက်သည် ။
" ရှင်း "
" ကိုကို …… နိုးလာပြီလား "
ဟေးယောင်က တဖက်သို့လှည့်မည်ပြင်တော့ ညကရှင်းကြမ်းထားခြင်းကြောင့် ခန္ဓာကိုယ်အောက်ပိုင်းက အတော်လေးနာကျင်နေ၏ ။
" အ့ … ရှင်း …… မင်းငါ့ကိုသေအောင်လုပ်ထားတာလား "
" ကိုကိုပဲမရပ်ခိုင်းတာ မဟုတ်ဘူးလား "
ဟေးယောင်က သူ့စကားနဲ့သူမို့ ဘာတစ်ခွန်းမှမပြောတော့ပဲ ရှင်းအားစိုက်ကြည့်နေ၏ ။ ထိုအခါမှရှင်းက ရယ်လိုက်ပြီး ကုတင်ပေါ်က ဟေးယောင်အား ပွေ့ချီလိုက်လေသည် ။
" ကိုကိုက ကျနော့ကို ပွေ့ချီစေချင်တာလား ……နောက်ဆို ကျနော်အရမ်းမကြမ်းတော့ဘူး ……ကိုကိုစိတ်မဆိုးနဲ့တော့နော် ……ကျနော်တို့ တူတူရေချိုးကြမယ် "
ခုချိန်မှာ ဟေးယောင်က ခံစားချက်တွေ ဖွင့်ဟပြီးပြီဖြစ်၍ ရှင်းလုပ်သမျှကို ကြည်ဖြူ စွာလက်ခံလိုက်သည် ။ ရေချိုးခန်းထဲမှာ ၂ ယောက် တူတူ ရေချိုးပြီးနောက် ဟေးယောင်ရဲ့နာကျင်မှုတွေက ထက်ဝက်ခန့်ပျောက်သွားခြေပြီ ။ ရှင်းက ပြင်ထားသည့်မနက်စာကို ခူးခပ်ပြီး ဟေးယောင်အား ထိုင်ခုံပေါ်ထိုင်စေကာ မနက်စာကို စားစေလိုက်သည် ။ သူကတော့ မနက်စာကို စားသုံးနေသည့် ဟေးယောင်အား အကြည့်မခွာနိုင်ပဲ စိုက်ကြည့်နေလေတော့သည် ။
" မနက်စာ မစားဘူးလား ရှင်း "
" ကိုကိုစားပါ …… ကျနော်စားနေရင် ကိုကို့မျက်နှာကိုကြည့်မရမှာစိုးလို့ "
YOU ARE READING
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )