Chapter - 130

29.8K 2.8K 214
                                    

Unicode
~~~~~~~

" ယွင်လေးရေ ...... ကိုယ် ... ကိုယ် ပြင်ပြီးပြီ "

" တကယ်လား ...... စားလို့ရပြီလား "

တစ်ကိုယ်လုံး ချွေးဒီးဒီးကျလောက်သည်ထိ ချက်ပြုတ်ပြီးသည့်နောက် အငွှေ့တထောင်းထောင်းထနေသည့် ဟင်းပွဲဟာ စားပွဲပေါ်မှာ ချထားပြီးဖြစ်သည် ။ အိမ်တော်ကိုပြောင်းလာလာချင်း ထမင်းစားချိန်အမှီ ချက်ပြုတ်ကျွေးချင်သည်ဆိုပြီး သခင်မကြီး လာခေါ်တာတောင်မှ ညင်းလွှတ်ကာ လုဖန် တစ်ယောက် ယွင်ရှန့်အတွက် ချက်ပြုတ်နေခဲ့ခြင်းဖြစ်သည် ။ ယွင်ရှန့်ကိုပင် ကူညီခွင့်မပေး ။ ယခု စားရန်အဆင်သင့်ဖြစ်နေပြီဆိုတော့ ယွင်ရှန့် မစောင့်နိုင်ပဲ ချက်ချင်း အပြေးလာခဲ့သည် ။

လုဖန်မျက်နှာက ရွှင်လန်းမနေသော်လဲ မျှော်လင့်ချက် သေးသေးလေးက မျက်ဝန်းမှာအထင်းသား ။ တစ်စုံတစ်ခုကို ဆိုးရိမ်နေပုံ ။ ဒီမျက်နှာထားက ဘာကြောင့်လဲဆိုတာ ယွင်ရှန့်သဘောပေါက်လိုက်သည် ။ စားပွဲပေါ်ကဟင်းပွဲဟာ လုဖန်မျက်နှာအတိုင်း မဲမှောင်လျှက်ရှိသည် ။ အနံ့အသက်က မွှေးနေသော်လဲ တူးနံ့က အထင်းသား ။ အသားလုံးတွေဟာ နီရဲမနေပဲ အနက်ရောင်ပြောင်းလုပင် ။

" ကိုယ် ... ကိုယ်ချက်တော့ မီးပြင်းသွားလို့ထင်တယ် နည်းနည်းတူးသွားတယ် "

ယွင်ရှန့် ထိုဟင်ပွဲအားကြည့်ကာ မရယ်မိအောင်မနည်းထိန်းနေရပြီး လုဖန်စိတ်ကျေနပ်အောင် တစ်စွန်းခန့် မြည်းစားကြည့်လိုက်သည် ။ သူက အရသာကို အာရုံခံရင်း မျှော်လင့်ချက်မဲ့နေသည့် လုဖန်မျက်ဝန်းလေးအား ကြည့်ကာ လေးနက်စွာ ဖြေကြားလိုက်သည် ။

" အသားက နူးညံ့တယ် ... ချက်ထားတာ အနေတော်ပဲ ...... အရသာက ကိုက်ညီပြီးတော့ ရောစပ်ထားတဲ့ အရွက်တွေက လက်ဆက်တယ် ...... တူးသွားတာလေးကလွဲရင် အားလုံးကောင်းပါတယ် "

ထိုအခါမှ လုဖန်သက်ပြင်းချနိုင်တော့သည် ။ သို့ပေမဲ့ ထိုတူးနေသည့်ဟင်းပွဲကို ဆက်ပြီးမစားစေချင်တာနဲ့ ယွင်ရှန့်အရှေ့ကနေ ဆွဲယူလိုက်သည် ။

" ဒါဆို ကိုယ်ပြန်ချက်လိုက်မယ် ...... ဒါတွေကို ရောဂါရလိမ့်မယ် မစားနဲ့တော့ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Donde viven las historias. Descúbrelo ahora