Chapter - 104

34.6K 2.6K 148
                                    

Unicode
~~~~~~~


" ဖွားဖွား "

လီသခင်မကြီးကိုမြင်တော့ မိုခွန်း Dong အရှေ့မှ အနည်းငယ်ခွာလိုက်သည် ။  အဖွားရဲ့အနောက်မှာတော့ ယွန်းဂျယ်ပါလာ၏။

" ဖွားဖွားနဲ့ယွန်း ရုတ်တရပ်ကြီး အိမ်တော်ကို ဘယ်လိုရောက်လာတာလဲ ……သားက ညနေမှလာမယ်ထင်နေတာ "

မိုခွန်းခုမှသတိရလိုက်သည် ။ အိမ်တော်မှာ လုဖန်ရှိမနေဘူး ။ အဖွားဖြစ်သူက အိမ်ထဲရောက်ရောက်ချင်း အပေါ်ထပ်က လုဖန်အခန်းရှိရာတို့ပြေးတက်သွားလေသည် ။

" ငါ့မြေးငယ်လေးဘယ်မှာလဲ "

" ဖွားဖွား ညီလေးက … "

မိုခွန် ဘာဆက်ပြောရမည်မသိ ရပ်တန့်သွားသည် ။ သူအမှန်တကယ်ပင် လုဖန်နေနေသည့်နေရာကို မသိဘူး ။  မိုခွန်းထံက အဖြေစကားမကြားရတော့ လီသခင်မကြီး ပို၍ပင် ဒေါသထွက်လာကာ အစောင့်တွေကိုခေါ်လိုက်သည် ။

" နင်တို့သခင်လေးကို မတွေ့မချင်းပြန်မလာခဲ့နဲ့ ……သွား … ခုသွားရှာ "

သခင်မကြီး စိတ်သောကရောက်နေတာနဲ့ပဲ အောက်ထပ်မှာရှိနေသည့် Dong ကိုမမြင်မိဘူး ။လီသခင်မကြီးအောက်ထပ်ကိုရောက်တော့ Dong အားတခနမျှ စိုက်ကြည့်ပြီးနောက် သတိရသွားဟန်တူ၏။ အပြုံးလေးဖြင့် နှုတ်ဆက်လာ၏။

" Mr.Juck Mickrla ရဲ့မြေးမဟုတ်လား ……အဖွားတို့တစ်ခါစုံဖူးပေမဲ့ မိတ်မဆက်ရသေးဘူး ……အဖွားက Korea က မိုခွန်းရဲ့အဖွားပါ "

" ကျနော်သိပါတယ်ဗျ ……အဖွားတို့ လီလုပ်ငန်းစုကလဲ အောင်မြင်နေတဲ့ လုပ်ငန်းစုပဲလေ ……ကျနော်တို့ ထပ်ဆုံတွေ့ခွင့် ရတဲ့အတွက် ဝမ်းသာပါတယ် "

Dong  ရဲ့ မျက်နှာချိုချိုနဲ့ တဖက်လူစိတ်ကြေနပ်အောင် ပြောဆိုတတ်ပုံကြောင့် မိုခွန်း ပူပန်နေမှုများလျော့နည်းသွားသည် ။ပြီးနောက် မိုခွန်းက သူရဲ့အဖွားအနား တိုးကပ်သွားကာ ဆိုလာ၏။

" ဖွားဖွား ညီလေးကိုလွှတ်ထားလိုက်ပါ ……သူလဲအရွယ်ရောက်နေပြီပဲ ……ခလေးတစ်ယောက်လို အိမ်ထဲမှာ ချုပ်ထားတာက သူ့ကိုပိုပြီးဖိအားပေးနေသလိုဖြစ်နေတယ် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now