Chapter - 132

34.2K 2.7K 310
                                    

Unicode
~~~~~~~

" သားကြီး နေမကောင်းဘူးလား ……. အပြင်လဲမထွက်ဘူး "

ထိုကိစ္စ ​ပြီးသည့်နောက် အရှက်ကြီးလွန်းတဲ့မိုခွန်းက အိမ်ခန်းထဲမှအပြင်ကိုပင်မထွက်တော့ခြေ ။ ဒါက သခင်မကြီးအားစိတ်ပူပန်စေသည် ။ ဒီနေ့ အလုပ်ပိတ်ရက်ဖြစ်၍ အိမ်မှာ မိသားစုအားလုံးစုံညီနေကြသည် ။ ရှောင်သခင်ကြီးရဲ့ညီမဖြစ်သူ လီလီပါရောက်နေသည် ။

" မိုခွန်း … ညီလေးတို့လဲရောက်နေပြီ …… ဒေါ်လေးချက်ထားတာလေးတွေလာစား  "

သခင်မကြီးနဲ့ ဒေါ်လေးလီကပါ ခေါ်နေတော့ မိုခွန်း ဆက်ပြီးမပုန်းနေတော့ပဲ အခန်းထဲကနေ ထွက်လာခဲ့သည် ။ လုဖန်နဲ့ ယွင်ရှန့်က ထမင်းစားပွဲအား ပြင်ဆင်နေကြပြီး Dong ကတော့ သူများချက်ထားသည့် ဟင်းများကို လိုက်လံ မည်းစမ်းနေ၏ ။

" အရသာက အရမ်း​ကောင်းတယ် …… တရုတ်အစားအစာတွေ မစားတတ်တဲ့ကိုယ်တောင် ကြိုက်လာပြီ "

" ကိုကြီးကြိုက်ရင် ကျွန်တော် ချက်ကြွေးမယ်လေ "

" အဟား … လုဖန်မျက်စောင်းကြီးကို အကိုကြောက်တယ် ……ညီလေးကိုမခိုင်းရဲပါဘူး …… သူ့အကိုကိုပဲ ချက်ကြွေး ခိုင်းတော့မယ် ဟုတ်ပြီလား "

ထိုစဉ်အနောက်မှ မိုခွန်းရောက်လာ၏ ။

" ဘယ်သူကချက်ကြွေးမယ်ပြောလို့လဲ …… လုပ်လဲမကူပဲ သူများတွေကိုနှောက်ယှက်ရတာပျော်ရဲ့လား "

သူ့ရဲ့စကားသံလေး ကြားလိုက်ယုံဖြင့် Dong ရဲ့မျက်နှာဟာ တောက်ပသွားပြီး သခင်ကိုတွေ့လိုက်ရသည့်ခွေးလေးပမာ မိုခွန်းအား ပြေးဖက်လေတော့သည် ။

" နောက်ဆုံးတော့ ထွက်လာပြီပေါ့ "

" …… "

ထိုအခြေအနေက အကြောင်းအရာကိုမသိသေးသည့် သခင်မကြီးနှင့် ဒေါ်လေးလီအဖို့ မှင်သက်စရာဖြစ်သွားလေသည် ။

* သူရူးသွားပြီလား … ဘေးကလူကြီးတွေကို မမြင်ဘူးလား * မိုခွန်း အရှက်မရှိတဲ့ Dong အား ဘာလုပ်ရမည်မသိ ခေါင်းသာငုံ့ထားမိတော့သည် ။ သခင်ကြီးရောက်လာပြီးသည့်နောက် မိသားစုစုံညီစွာ လက်စုံစားကြသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now