Unicode
~~~~~~~" ယွင်လေးရေ …… ဒီနေ့ဒေါ်လေးတို့ ကိတ်မျိုးစုံလုပ်ကြမယ် "
လီလီတစ်ယောက် ဆိုင်ကိုပြစ်ပြီး ကိတ်လုပ်နည်းသင်ရန်အတွက် ရှောင်အိမ်တော်သို့ရောက်လာခြင်းဖြစ်သည် ။ မိုခွန်းက အလုပ်ကိုသွားပြီဖြစ်၍ အိမ်တော်မှာ လုဖန်နှင့် ယွင်ရှန့် တို့ ၂ ယောက်ကျန်ရှိနေခဲ့ခြင်းဖြစ်သည် ။ ယွန်းဂျယ်က အိမ်တော်ကနေ ပျောက်နေတာ ၂ ရက်ရှိပြီဖြစ်သလို သူမဘယ်သွားလဲဆိုတာ ဘယ်သူမှမသိကြဘူး ။
လီလီအိမ်ထဲကိုဝင်လာတော့ တိတ်ဆိတ်နေခြင်းကြောင့် ယွင်ရှန့်ရဲ့နာမည်ကို အော်ခေါ်လိုက်ချိန်တွင် မီးဖိုခန်းထဲကနေ ယွင်ရှန့်ထွက်လာ၏ ။ သူ့လက်ထဲမှာ ပေါင်မုန့်မီးကင် ကြက်ဥဟက်ပွိုင့်ကျော်နဲ့ နို့တစ်ခွက်ကို ကိုင်ဆောင်ထားသည် ။
" ဘယ်ကိုသွားပို့မှာလဲ ယွင်လေး "
" လုဖန် မနေ့ကလဲ ဘာမှမစားထားဘူး …… ဒီမနက်လဲ ထမလာတော့ ကျနော်သူ့အတွက် သွားပို့မို့ပြင်နေတာ "
" အိမ်ဖော်တွေရော …… သူတို့ကိုမခိုင်းဘူးလား "
" သူတို့က နောက်ဖေးမှာ နေ့လည်စာအတွက် ပြင်နေကြတယ် "
" ဒီခလေးကတော့ ဘာတွေကောက်နေပြန်ပြီလဲ "
ယွင်ရှန့်နှင့် လီလီစကားရပ်ပြောနေခိုက် လှေကာထပ်မှ ဆင်းလာသည့် ခြေသံကြောင့် လှည့်ကြည့်ချိန်တွင် လှပပြီး ခန့်ညားစွာဝတ်ဆင်ထားသည့် လုဖန်ကို တွေ့လိုက်ရသည် ။ ယွင်ရှန့်မနေ့က လုဖန်ကိုစိတ်တိုမိပေမဲ့ ဒီမနက်တော့ သူ့စိတ်ထဲမှာ ဘာမှမရှိတော့ဘူး ။ ဘာကြောင့်လဲဆိုတော့ ဒါကသူ့အလုပ်မို့ပဲ ။
လူတစ်ယောက်ထံက ပိုက်ဆံအလကား မယူတတ်သည့် ယွင်ရှန့်က ပေးဆပ်မှုအနေနဲ့ လုဖန်ခိုင်းသမျှကို လုပ်ဆောင်ပေးမည်ဟု ဆုံးဖြစ်ထားသည် ။ ယခု သူ့ရဲ့ ဘဏ်အကောင့်ထဲမှာ အကြွေးရဲ့ ၃ ပုံ ပုံ ၂ ပုံခန့်ရောက်ရှိနေပြီဖြစ်၍ လွတ်မြောက်ရန် နီးကပ်လာခြေပြီ ။
လူတစ်ယောက်ရဲ့ အကူအညီကြောင့် လွတ်မြောက်ခြင်းကို မလိုလား၍ မနေ့ကစိတ်လွတ်ပြီး မိုခွန်းရဲ့ကူညီမှုကို လက်ခံခဲ့သမျှ ပြန်တောင်းပန်ပြီး ကတိဖျက်ခဲ့သည် ။ လုဖန်ကို အကြွေးဆပ်ပြီးရင် ရှောင်အိမ်တော်ကနေ ထွက်ခွာပြီး ရှောင်မိသားစုထဲက ဘယ်သူနဲ့မှ မပတ်တတ်ရန် ဆုံးဖြတ်ချက်ချခဲ့သည် ။
YOU ARE READING
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )