Chapter - 116

27.2K 2.5K 137
                                    

Unicode
~~~~~~~

လှပသည့် ပန်းခင်းကြီးသည် နေဝင်ချိန်ညနေခင်း၏ နီရဲသော ရောင်ချဉ်များအောက်တွင် ငြိမ်သက်စွာ ရှိနေကြသည် ။ ပတ်ဝန်ကျင်တစ်ခွင် အရာအားလုံးတိတ်ဆိတ်နေပြီး ရှင်းရဲ့ ယူကြုံးမရအော်သံတွေက တိတ်ဆိတ်နေမှုအား ဖြိုခွင်းကာ ထွက်ပေါ်လာ၏ ။

" အား ... ဘာကြောင့် ဘာကြောင့် ကိုကိုဒီလောက်ထိဖြစ်နေတာကို ကျနော့ကို ဖုံးကွယ်ထားကြတာလဲ ဗျာ ... "

ရှင်းရဲ့မျက်ဝန်းတွေက အနောက်ရက်ဝန်း၌ ကွယ်ပျောက်တော့မည့် နေဝန်းကြီးပမာ နီရဲနေပြီး ပါးပြင်ပေါ်၌ သေးငယ်သည့် စမ်းချောင်းပမာ မျက်ရည်များ သွင်သွင်စီးစင်းနေ၏  … ရောဂါ၏ဖြစ်ကြောင်းကုန်စဉ်ကို သိရှိပြီးတဲ့နောက် ရှင်း စိတ်တွေထိန်းမနိုင်အောင် ပေါက်ကွဲနေခြင်းဖြစ်သည် ။

" ကိုကိုပြန်ကျန်းမာဖို့ ကျနော်ဘာလုပ်ရမလဲပြောပါ ......ကျေးဇူးပြုပြီး ကယ်တင်ပေးပါဗျာ ......ကိုကိုကျနော့ကို ထားသွားခွင့်မပြုနိုင်ဘူး "

ဦးလေးကြီးကလဲ ဝမ်းနည်းစွာဖြင့် ငြိမ်သက်နေရင်းမှ သက်ပြင်ချလိုက်သည် ။ ရှင်းရဲ့လက်တွေက ဟေးယောင်လက်ဖဝါးနုနုလေးအား ဆုတ်ကိုင်ထားပြီး ခေါင်းငုံ့ကာ နှဖူးလေးကို ဟေးယောင်လက်ဖဝါးပေါ်တင်လိုက်သည် ။ ရှင်းက ဝမ်းနည်စွာ ငိုရှိုက်ရင်း …

" အားလုံးကျွန်တော့အပြစ်တွေပါ ...... ကိုကို့ကို ကျွန်တော်ဂရုမစိုက်မိခဲ့လို့ ဒီလိုဖြစ်ရတာ ...... ကျွန်တော့ကိုအပြစ်ပေးပါ ကိုကို့အစား ကျွန်တော့ကိုအပြစ်ပေးကြပါ "

ဟေးယောင်လက်ဖဝါးပေါ် မျက်နှာအပ်ရင်း ရှင်းရဲ့တစ်ကိုယ်လုံး တုန်ရီစွာ ရှိုက်ငိုနေ၏ ။ ဘေးနားမှာထိုင်နေသည့် ဦးလေးကြီးက မကြည့်ရပ်နိုင်တော့ပဲ ရှင်းရဲ့ဖခုံးလေးအား ထိကိုင်ကာ ပြောလာသည် ။

" သခင်လေး ရှင်း ... ဂျွန်သခင်လေးက အားနည်းပြီးသတိလစ်သွားတာပါ ...... ရောဂါကအချိန်မှီကုသနိုင်ရင်ပျောက်ကင်းနိုင်တယ် ...... ဒါကြောင့်မလို့ သခင်လေး ... ဂျွန်သခင်လေးအရှေ့မှာ ငိုမပြမိစေဖို့ ဦးတောင်းဆိုပါတယ် "

ရှင်းရဲ့ငိုရှိုက်သံတွေက တဖြေးဖြေးရပ်တန့်သွားသည် ။ ခေါင်းထောင်လာပြီးနောက် ပါးပေါ်ကမျက်ရည်စတွေကို ဖယ်ရှားပြီး ကုတင်ပေါ်မှာလှဲနေသည့် ဟေးယောင်နဘေးတွင်ဝင်ထိုင်လိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now