Chapter - 78

43.4K 3.3K 316
                                    

Unicode
~~~~~~~

Couple ဝတ်ဆုံဝတ်ပြီး လမ်းမပေါ်ထွက်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~

ဒီတစ်ပတ် ကျောင်းပိတ်ရက်မှာ ရှောင်လုဖန်က ယွင်ရှန့်ကို အပြင်သွားရန်ခေါ်ထားခြင်းကြောင့် ယွင်ရှန့်အဝတ်လဲရန်ပြင်နေ၏ ။ ဒီတစ်ပတ်လုံး ကောင်စီအဖွဲ့ဟာ နှစ်ဝက် ကျောင်းပွဲတော်ပြိုင်ပွဲအတွက် ဦးစီးဦးဆောင် လုပ်ဆောင်နေရချင်းကြောင့် ရှောင်လုဖန်ရဲ့ တလွဲအစီအစဉ်တွေအားလုံး နှောင့်နှေးခဲ့ရသည် ။ ယွင်ရှန့်ကလဲ တမင်တကာ ကောင်စီအဖွဲကြား ရှောင်ပုန်းနေခြင်းကြောင့် လုဖန်မတတ်နိုင်ခဲ့ဘူး ။ ဒီတစ်ပတ်ကျောင်းပိတ်ရက်ကိုတော့ သူအသေအချာ စီစဉ်ထားဟန်တူသည် ။

ယွင်ရှန့်တစ်ယောက် မနက်အိမ်ယာထထခြင်း လုဖန်ရဲ့ဖုန်းကြောင့် အိမ်စာများကိုပြစ်ပြီး သူခေါ်တဲ့နောက်ကိုလိုက်ရန် ပြင်ဆင်နေရသည် ။ ဖုန်းထဲမှာပြောသွားသည့်အကြောင်းအရာက

' ခွေးပေါက်လေး …… မင်းကိုယ့်ကိုတမင်တကာရှောင်ဖယ်နေတယ်ဆိုတာ ကိုယ်သိတယ် …… ကိုယ်ပေးထားတဲ့ အင်္ကျိကိုဝတ်ပြီး ဒီနေ့ ၈ နာရီ ချိန်းထားတဲ့နေရာကို ရောက်မလာရင်တော့ မင်းကိုဖမ်းချုပ်ပြီး Play Room ထဲမှာ ထည့်ထားမယ် …… ကိုယ့်ထက်နောက်မကျစေနဲ့ '

ပြောချင်ရာပြောပြီး ဖုန်းချသွားသည့် အရူးအနှမ်းသခင်လေးကြောင့် ယွင်ရှန့် စိတ်အထွေထွေပျက်ပြားနေ၏ ။ ဒီရက်တွေမှာ လုဖန်၏ ပြောင်းလဲလာသည့်အမူအရာ အကျင့်စရိုက် အပြောအဆိုတွေကို ယွင်ရှန့်အနည်းငယ်တော့ သဘောကြမိလာသည် ။ ထိုသို့သော မာနထောင်လွှားတတ်သည့် သခင်ငယ်လေးရဲ့ လူလိုသူလိုဆက်ဆံချင်းခံရမည်ဟု ယွင်ရှန့် တွေးမထားမိခြင်းကြောင့်လဲ အံ့အားသင့်ခဲ့ရသည် ။

တဖြေးဖြေးသူတို့ရဲ့ဆက်ဆံရေးဟာ ယခင်လို ကျွန်နဲ့သခင်ဆက်ဆံရေးမျိုးမဟုတ်တော့ပဲ ရွယ်တူသူငယ်ချင်းအဖြစ်ပြောင်းလဲလာခြင်းကြောင့်လဲ ယွင်ရှန့်ကျေနပ်မိ၏ ။ ဒါပေမဲ့ ဒါကလုံးဝကြီးခွင့်လွှတ်တယ်လို့ မဆိုလိုဘူး ။ ယွင်ရှန့်ယခင်က ထိုသခင်လေးအပေါ်မှာ မျှော်မှန်းချက်တွေထားခဲ့ဖူးသည် ။ ထိုသခင်လေးရဲ့ဖြေကြားချက်အပြုအမူတွေက ပေါ့ပျက်ပျက်နိုင်သလို အတ္တတွေလွှမ်းမိုနေခြင်းကြောင့် ယွင်ရှန့် လက်လျော့ခဲ့သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Onde histórias criam vida. Descubra agora