Chapter - 100

54.3K 3.9K 686
                                    


Unicode
~~~~~~~

ယနေ့ ရာသီဥတုအခြေအနေကတော့ မိုးအကုန် ဆောင်းအကူးဖြစ်၍ ရှင်ဟိုင်းမြို့တစ်ခုလုံး အအေးဓာတ်များ ဖုံးလွှမ်းနေ၏ ။ ပထမနှင်းမကျသေးပေမဲ့ မြောက်လေအေးကြောင့် ပတ်ဝန်းကျင်တခွင် အအေးဓာတ်များ လွှမ်းခြုံနေသော်လဲ တစ်ယောက်သောသူရဲ့ ရင်အပူကိုတော့ မငြိမ်းချမ်းနိုင်ပေ ။ ယွင်ရှန့် လက်မှာပေနေသည့် လုဖန်သွေးတွေကိုကြည့်ပြီး နှုတ်မှလဲ လုဖန်နာမည်ကို တတွတ်တွတ်ရွတ်ကာ ခေါ်နေမိသည် ။ သူ့ရဲ့အသိစိတ်တွေက စိုးရိမ်စိတ်များကြီးဆိုးနေပြီး အရူးတစ်ယောက်ပမာ ယောင်ချာချာဖြစ်နေ၏ ။

လုဖန်ဓားဒါဏ်ရာနှင့်လဲကြသွားတော့ လာကူညီသည့်  နယ်ခံတချို့ရဲ့အကူအညီနဲ့ အနီးအနားမှာရှိသည့် ဆေးရုံသို့ သယ်ဆောင်လာခဲ့ကြသည် ။ ရောက်ရောက်ချင်း လုဖန်အား ခွဲစိတ်ခန်းထဲသို့ သယ်ဆောင်သွားကြသည် ။ ယွင်ရှန့်ကတော့ အခန်းအပြင်မှာ တစ်ယောက်ထည်းကျန်နေခဲ့ကာ ငိုကြွေးနေ၏ ။ နာရီဝက်ခန့် ကြာသည်အထိ အခန်းထဲက မည်သူမှထွက်မလာသေးခြေ ။ ခနကြာတော့ ခြေသံများနှင့်အတူ ဦလေးချန်း နန်းလီနဲ့ ရွီမုတို့ ရောက်လာကြသည် ။

" ယွင်ရှန့် … ဘယ်လိုတွေဖြစ်ကုန်တာလဲ သားရယ် ……သားတို့ ပြန်မလာန်ိုင်လို့ လိုက်ရှာတော့မှ ဦးလေးတို့သိရတာ ……ရှောင်သခင်လေး အဆင်ပြေရဲ့လား "

ယွင်ရှန့် ဘာမှပြန်မပြောနိုင်ပေ ။ ဦးလေးချန်းအား ဝမ်းနည်းသည့် မျက်ဝန်းများနှင့်သာ ကြည့်နေ၏ ။ ဦးလေးချန်းကလဲ ဘာမှဆက်မမေးတော့ပဲ ယွင်ရှန့်အနားထိုင်ကာ နှစ်သိမ့်ပေးနေသည် ။ ယွင်ရှန့်က ပါးပြင်ပေါ်က မျက်ရည်တွေကိုဖယ်ရှားရင်း ……

" လု … လုဖန် ဘာမှမဖြစ်လောက်ပါဘူးနော် …… သူသားကိုမထားခဲ့ဘူးမဟုတ်လားဟင် "

" ဒါပေါ့ … ရှောင်သခင်လေး ဘာမှမဖြစ်ပါဘူး ……စိတ်အေးအေးထား "

ခဏမျှကြာတော့ ခွဲစိတ်ခန်းတံခါးပွင့်လာကာ ဆရာဝန်တချို့ထွက်လာ၏ ။ယွင်ရှန့်က ထိုင်နေရာမှထကာ ဆရာဝန်များထံအပြေးသွားလေသည် ။

" ဒေါက်တာ သူအဆင်ပြေရဲ့လား ……သူနိုးလာပြီလားဟင် ……ကျနော်သူနဲ့တွေ့ချင်တယ် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now