Chapter - 112

28.1K 2.7K 113
                                    


Unicode
~~~~~~~

အချစ်တစ်ခုရဲ့ ဂုဏ်သတ္တိမှာ
Theory တွေမရှိဘူး ….

ဖန်တီးလုပ်ယူလိုမရသလို
ဖျက်စီးပြစ်လို့မရတာ အချစ်ပါပဲ ……

~ ~ ~

အချိန်ကာလတွေဟာ ရပ်တန့်လို့မရသလို ပြောင်းလဲမှုတွေကလဲ မြန်ဆန်လှသည် ။ ဒီလိုနဲ့ပဲ ဆောင်းရာသီကိုကျော်လွန်ပြီး နွေရာသီကျောင်းပိတ်ရက်ကိုပင် ရောက်ရှိလာခဲ့ချေပြီ ။

" ရေး … စာမေးပွဲကြီးပြီးပြီကွ "

" ကျောင်းပိတ်ထားတုန်း နင်တို့ ဘာလုပ်ကြမှာလဲ "

" ငါတို့ ကမ်းခြေသွားရင်မကောင်းဘူးလား "

ဒီနှစ်နွေရာသီ အလည်အပတ်ခရီးကို ကျောင်းကောင်စီအဖွဲ့ဝင်များက လူစုကာ ကမ်းခြေကိုသွားရန်သဘောတူညီလိုက်ကြသည် ။

" လုဖန် … မင်းလိုက်မှာလား "

လုဖန်က ပင်လယ်ကိုမမုန်းပေမဲ့ နှစ်သက်တဲ့ထဲမှာလဲ မပါဝင်ဘူး ။ ပင်လယ်လေအေးတွေကိုသဘောကြပေမဲ့ လှိုင်းသံတွေ စူညံနေတာကိုမကြိုက်ဘူး ။ ရှင်းရှင်းပြောရရင်  လုဖန် ရေတွေကို ကြောက်သည် ။

" ယွင်လေး …  မင်းသွားချင်လား "

ယွင်ရှန့်က ခေါင်းကိုဆက်ခါဆက်ခါ ညိမ့်ပြနေ၏ ။ သွားရန်အဆင်သင့်ဖြစ်နေပုံပင် ။ လုဖန်လဲ မငြင်းရက်တာနဲ့ သွားရန်ခွင့်ပြုလိုက်သည် ။

~ ~ ~ ~

" ရှင်း … အထုပ်အပိုးတွေပြင်ပြီး ဘယ်ကိုသွားမှာလဲ "

" ငါစာမေးပွဲဖြေပြီးပြီဆိုတော့ ကိုကို့ကို သွားရှာချင်တယ် "

အချိန်တွေကုန်ဆုံးလာပေမဲ့ ရှင်း ဟေးယောင်ကို တစ်ရက်လေးမှ မေ့မရခဲ့ဘူး ။ ရှင်းအိပ်ခန်းထဲမှာ အထုပ်အပိုတွေ ပြင်ဆင်နေသောကြောင့် ရွီမုက မေးမြန်းလိုက်ချင်းဖြစ်သည် ။ ရွီမု ရှင်းအခန်းကိုလာတာက ကျောင်းပိတ်ရက်မှာ ကျွန်းပေါ်က သူတို့အိမ်တော်ထံ သားအဖ ၃ ယောက် အတူတူသွားလည်ရန် လာခေါ်ခြင်းဖြစ်သည် ။

ရှင်း ဟေးယောင်ကိုသွားရှာမယ်မှန်းလဲသိရော ရွီမုတားချင်ပေမဲ့ မတားရက်ခဲ့ဘူး ။ လပေါင်းများစွာ  လွမ်းမောနေရှာတဲ့ ညီငယ် ကို မကြည့်ရက်တော့ဘူး ။ ထယ်ယောင်း ပြောစကားအရဆို ဟေးယောင်လဲ ရှင်းကို အတော်လေး လွမ်းနေရှာရော့မည် ။ ဒါပေမဲ့ ရှင်းအား ဟေးယောင်ရှိတဲ့ နေရာကို ပြောပြချင်သော်လဲ ရွီမုအတိအကျမသိ၍ ပြောပြ၍မရဖြစ်နေ၏ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now