Chapter - 107

31.5K 2.6K 197
                                    

Unicode
~~~~~~~

Ch-49

" ယွင်လေးရေ ...... ကိုယ်ဝင်လာပြီနော် "

တံခါးဖွင့်သံနှင့်အတူ လုဖန်ရဲ့ခြေလှမ်းတွေကတစ်လှချင်း တိုးကာဝင်လာ၏။

' ဒုံး '

လက်ထဲကပစ္စည်းတွေက မြေပေါ်သို့ခကြွေသွာပြီးနောက် လုဖန်အလောတကြီးပြေလာခဲ့သည် ။သူ့ရဲ့လက်တွေက ကြမ်းပြင်ပေါ်မှာထိုင်နေမြဲဖြစ်သည့် ယွင်ရှန့်ကိုယ်လေးအား ပွေ့ဖက်လျှက် ...... သူ့ရဲ့အကြည့်တွေက စူးရဲနေပြီး ထိုင်ခုံပေါ်မှာထိုင်နေသည့် အဖွာဖြစ်သူအား မုန်းတီးစွာဖြင့်ကြည့်လိုက်သည် ။ ဒီအခြေအနေကိုကြည့်ခြင်းအားဖြစ် အကြောင်းစုံကို မမေးမြန်းပဲ လုဖန်သိလိုက်သည် ။သူ့ရဲ့လက်တွေက နီရဲနေသည့် ယွင်ရှန့်ပါးလေးအား ထိကိုက်လျှက် ယုယစွာဖြင့် ထွေးပွေ့လိုက်သည် ။

" ကိုယ်တောင်းပန်ပါတယ် ......ကိုယ်မင်းကို ထပ်ပြီး နာကျင်မိစေပြီ "

ယွင်ရှန့်ဘာတစ်ခွန်းမှပြန်မပြောပဲ ကျောက်ရုပ်ပမာ နေနေပြီး သူ့ပုံစံကအသိစိတ် လွတ်နေသလိုပင် ။အစောင့်တွေက လုဖန်အနား ဝန်းရံလာပြီး ထိန်းချုပ်ရန် ကြံနေစဉ် လုဖန်က ချက်ချင်းထိုင်ရာမှ ထလိုက်သည် ။ သူ့လက်တွေက ယွင်ရှန့်လက်အား မလွှတ်တမ်း ကိုင်ဆောင်ထားမြဲ ......

" ဖွားဖွား ... ဒီလိုမျိုးဆက်လုပ်နေမယ်ဆိုရင် ကျနော်တို့ ပြန်မလာနိုင်တော့တဲ့နေရာကို ထွက်သွားရလိမ့်မယ် "

ဆုံးဖြတ်ချက်ပျက်သားသည့် လုဖန်ရဲ့စကားကြောင့် လီသခင်မကြီး မျက်လုံးအပြူးသားဖြစ်သွားရလေသည် ။

" ဘာ ... မ ... မလုပ်ရဘူး "

လီသခင်မကြီး ထိုင်ရာကနေ ထလာကာ လုဖန်ပခုံးအား ထိကိုင်လိုက်သည် ။ သူမမျက်နှာမှာ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ...

" မြေးလေးဓားထိုးခံရတယ်ဆိုလို့ ဖွားဖွားစိတ်ပူသွားတာပါ ......ရှောင်သခင်လေးက ဘာကြောင့် ဒီလိုနေရမျိုးမှာ နေနေလဲ ဖွားဖွားမစဉ်းစားတတ်တော့ဘူး ......ဟိုးအရင်က မြေးလေးကိုပဲ ဖွားဖွားပြန်လိုချင်တယ် "

" တောင်းပန်ပါတယ် ... ကျနော်အရင်ကလို ခံစားချက်မဲ့နေတဲ့ လုဖန်မဟုတ်တော့ဘူး ......ကျနော်အချစ်စစ်ကိုရှာတွေ့ပြီ ......ဖွားဖွားယွင်လေးကို ထပ်ပြီး ထိခိုက်အောင်မလုပ်ပါနဲ့တော့ ...... ကျနော်ရှိနေသ၍ ကျနော်ကလွဲပြီး ယွင်လေးကိုဘယ်သူမှထိခွင့်မရှိဘူး ......ထွက်သွားကြပါ ......အဖွားကျနော့ကိုမြင်ချင်သေးရင် ကျနော့အရှေ့ကိုပေါ်မလာပါနဲ့ ......ထပ်ပြီးဒုက္ခပေးနေရင် ကျနော်ယွင်လေးကိုခေါ်ပြီး အဝေးဆုံကို ထွက်သွားမိလိမ့်မယ် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now