Chapter - 120

29.6K 2.3K 87
                                    

Unicode
~~~~~~~

မအီမသာ ခံစားချက်တွေက ပျောက်၍မသွားပေ ။ နိုးနေပြီဖြစ်သော်လဲ ယွင်ရှန့်အိပ်ယာပေါ်က မထချင်သေး ။ ကျိန်းစက်နေသည့် ဦးခေါင်းကို သက်သာစေရန် ယွင်ရှန့်မျက်ရိုးကို ဖိထားလိုက်သည် ။ ထို့နောက် မနေ့ကမှတ်ဉာဏ်တွေက ဦးနောက်အတွင်း တဖြေးဖြေး ဝင်ရောက်လာလေတော့သည် ။

ရှန်ဟိုင်းနဲ့ ပေါက်ရှန်းမြို့လို မိုင်ပေါင်းဝေးကွာသည့် အရပ်မှ နေ့တွင်းခြင်း ကုန်းလမ်း | လေလမ်းမရပ်မနား ခရီးဆက်လာရခြင်းကြောင့် ယွင်ရှန့် ပင်ပန်းနေခြင်းဖြစ်သည် ။ သူမှတ်မိနေသည်က လုဖန်ရင်ခွင်ထဲ လဲကြသွားပြီး ခနသာအသိစိတ်လွတ်သွားပေမဲ့ အရာအားလုံးကို ခံစားမိနေသည် ။  လုဖန်က သူ့အား ရင်ခွင်ထဲကမလွှတ်တမ်း ဖက်သွယ်ကာ ခေါ်ဆောင်လာမှန်း ယွင်ရှန့်သိနေ၏ ။

ယခု သူမျက်လုံးဖွင့်လိုက်ချိန်၌ မြင်လိုက်ရသော မှောင်မိုက်နေသည့်အခန်း အရာအားလုံးအနက်ရောင်ဖြစ်နေသည့် ထိုအခန်းက ယွင်ရှန့်အရင်းနှီးဆုံးအခန်းတစ်ခန်းဖြစ်နေခဲ့သည် ။ ထိုအရာကတော့ Play Room အခန်းဖြစ်သည် ။ ယွင်ရှန့်ပင့်သက်ကို ရှူရှိုက်ရင်း အိပ်ယာပေါ်ကနေ ကြိုးစားထလာခဲ့သည် ။ ထင်သည့်အတိုင်းပင် တံခါးဟာ သော့ခပ်ထားပြီး သူ့ရဲ့ခြေထောက်မှာ ကုတင်နဲ့တွဲလျှက် သံကြိုးခပ်ထားသေးသည် ။ ဒီပုံစံအနေအထားက ရင်းနှီးနေသည်မို့ ယွင်ရှန့်သဘောပေါက်လိုက်သည် ။ လုဖန်သူ့အား လွန်ခဲ့သော တစ်နှစ်က အခြေအနေအတိုင်းပင် အရုပ်တစ်ရုပ်အဖြစ် သိမ်ပိုက်ခြင်း ခံလိုက်ရလေပြီ ။

ရှောင်အိမ်တော်၏ အောက်ထပ်မှာတော့ လုဖန်ကိုယ်တိုင် စားဖိုဆောင်ဝင်ပြီး အရသာရှိလှသည့် ညနေစာကို ပြင်ဆင်ချက်ပြုတ်နေခြင်းကြောင့် အိမ်တော်မှာရှိနေသည့် လူတွေအားလုံး အံ့အားသင့်နေသည် ။ လွန်ခဲ့တဲ့ ၂ လက တစ်ရက်လေးမှ အိမ်တော်ကို ပြန်မလာပဲ ရှာပုံတော်ဖွင့်နေပြီး ပြန်လာလျှင်လဲ ရေခဲရုပ်ထုပမာ အေးဆက်သောအမူအရာဖြင့်သာ အခန်းထဲဝင်နေတတ်သည့် သူတို့သခင်လေးအား ကုသနိုင်သည့် ဆေးမရှိတော့ဟု ထင်မှတ်ပြီး ဝမ်းနည်းကြေကွဲခဲ့ကြသည် ။ ယခုတော့ဖြင့် ရေခဲရုပ်ထုကြီးက အရည်ပျော်သွားပြီး တစ်ခြားသူပမာပြောင်းလဲသွားခြင်းက အားလုံးကိုပါ ပျော်ရွှင်မှုကူးသွားစေသည် ။ မိုခွန်းက လုဖန်အနားလျှောက်လာရင်း ပြင်ဆင်ထားသည့် ဟင်းပွဲတွေကို တစ်ချက်ကြည့်ပြီး ဆိုလာ၏ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now