Unicode
~~~~~~~လွန်ခဲ့သော ၁၀ နှစ်ခန့်က ……
တရုတ်ပြည် ပေကျင်းမြို့၌ အချမ်းသာဆုံးဖြစ်သည့် ရှောင်အိမ်တော်ဟာ မြို့နှင့်မိုင်အနည်းငယ်ဝေးကွာသည့် တောင်တန်းကြီးအနား ရှေ့ခေတ်နန်းတွင်းအိမ်တော်ကြီးများနှင့် သဏ္ဍာန်တူသည့် ထိုအိမ်တော်ကြီးဟာ တစ်ထီးတစ်နန်းတည်ရှိနေ၏ ။
ရှောင်သခင်ကြီးဟာ အသက် ၇၀ မှာပဲကျန်းမာရေးမကောင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေကို သားထံလက်လွှဲကာ အိမ်တော်တွင်း နေထိုင်ခဲ့လေသည် ။ ထိုအချိန်က လက်ရှိရှောင်သခင်ကြီး ရှောင်ရှင်းဖန်ဟာ အသက် ၃၇ နှစ်ဖြစ်ပြီး လုပ်ငန်းတွေကို ဦးစည်းဦးဆောင်လုပ်ကိုင်နေပြီဖြစ်၍ လုပ်ငန်းနှင့် ပတ်သတ်ပြီး အဆင်ပြေခဲ့သည် ။
သို့ပေမဲ့ ပြဿ နာတစ်ခုက အဖိုးအရမ်းချစ်ရသည့် မြေးငယ်လေးလုဖန်ကို သူ့အဖိုးရောဂါအချေအနေဆိုးနေမှန်း ဘယ်သူမှ မပြောရဲကြပေ ။ အသက် ၁၀ နှစ်အရွယ်တာရှိသေးတဲ့ ထိုသခင်လေးက အိမ်တော်ထိန်းများနှင့် ကိုယ်ရံတော်များ အားလုံးကြောက်ကြရပြီး ' အလုပ်မြဲချင်ရင် သခင်လေးနှင့် ဝေးဝေးရှောင်ပါ ' ဟူသော သတိပေးစကားများထိ ထားထားရသည် ။ ပြဿနာအရပ်ရပ်က ထိုနေ့တွင်စတင်ခဲ့သည် ။
လုဖန်ဟာ အထီးကျန်နေသည့်ခလေးတစ်ယောက်ဖြစ်၍ အမြဲတိရစ္ဆာန်တွေနှင့် အဖော်ပြုလေ့ရှိသည် ။ သူက လူတွေထက် တိရစ္ဆာန်လေးတွေကိုပိုချစ်သည် ။
တနေ့တော့ ……
" အားးးး …… ထွက်သွားကြ …… ဘယ်သူမှမလာနဲ့ …… ပေးဘူး "
လုဖန်ရဲ့အခန်းလေးထဲတွင် ဆူညံပွက်လောရိုက်နေသောကြောင့် အောက်ထပ်မှာရှိတဲ့ အကိုဖြစ်သူ မိုခွန်းက အပြေးအလွှားတက်လာ၏ ။ အပေါ်ထပ်သို့ရောက်တော့ အခိုင်းအစေတွေအားလုံးကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီး သောင်းကျန်းနေသည့် ညီလေးကိုတွေ့လိုက်ရသည် ။ ထိုအခါတွင် အိမ်ဖော်တစ်ဦးက မိုးခွန်းထံအပြေးလာပြီးဆိုလာ၏ ။
" သခင်လေးခွန်း … သခင်လေးလုက သူ့ခွေးလေးကို မပေးဘူးလုပ်နေတယ် "
YOU ARE READING
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )