Ending : Partner

45.1K 2.1K 105
                                    

ကျွန်တော်မျိုးသည်•••
အချစ်ဆိုသော ထိုအရာ၌
လုံးလုံးလျားလျား ကိုးကွယ်နစ်မြှုပ်စေပြီ...
ရုန်းထွက်ဖို့လဲ
မကြိုးစားတော့သလို
နောက်ဆုတ်ဖို့လဲ အစီအစဉ်မရှိတော့ပြီ...

ဤမှန်သော သစ္စာစကားကြောင့်
ကျွန်တော်မျိုးသည် ချစ်ရသော ကလေးငယ်ငယ်အပေါ်အား
ခင်ပွန်းကောင်းတစ်ယောက်ရဲ့ ဝတ္တရား ကျေပွန်ပါရစေသား.........

******

Zawgyi💠💠💠

Engaged>>>>>{7,7,2019}

စေ့စပ်ကြောင်းလမ်းခြင်း••

ခေါင်းစည်းတစ်ခု၌ ကျွန်တော့်ရဲ့ဘဝ နှလုံးသား အသဲအသက် ဘဝတစ်ခုလုံး ထိုကလေးငယ်ဆီအား ပုံအပ်ပေးလိုက်ခြင်း တွဲလက်တွေမြဲမယ် နှလုံးသားနှစ်ခုကို အတတ်နိုင်ဆုံး ထပ်တူပြုလို့ ......

ကျွန်တော်တို့၏စေ့စပ်ပွဲအား ကျွန်တော်ဆေးရုံမှ ဆင်းအပြီး နှစ်လအကြာ၌ ကျင်းပလိုက်ရသည် အကျင်းရုံးပြီး စီစဉ်လိုက်သည် လူကြီးတစ်ချို့နဲ့ မိသားစုဝင်လောက်ပဲ သိသည် ကျန်သည့်အပိုင်းတော့ သဲငယ်လေး အသက်ပြည့်မှပဲ ကြိုးစားတော့မယ် ပထမဆုံး သဲငယ်အား စာကြိုးစားစေချင်သေးတယ် အတူတူရှိနေမည့် အနာဂတ် အိမ်ငယ်လေးထဲ သဲငယ်၏ ဘွဲ့ပုံလေးလဲ မိမိဘေးမှာ ချိတ်ချင်သေးသည်.........

စေ့စပ်ပွဲအပြီး ကျွန်တော့်အား ချစ်ရသော သူငယ်ချင်းများနဲ့ companyမှ ကျွန်တော့်ဝန်ထမ်းတစ်ချို့လာခေါ်ပါ၏ သူတို့သည် ကျွန်တော့်နဲ့ သဲငယ်အကြောင်း အကုန်သိသော သိများပင် နားလည်ပေးသလို အားလဲပေးပါ၏.........

အပေါင်းသင်းရောင်းရင်းများ ကောင်းမှုကြောင့် စေ့စပ်ပွဲအပြီး၌ ကျွန်တော်တို့အချိန်အကြာကြီး တွေ့ကြဖို့ ကလေးငယ်အား motivationနဲ့အတူ စာကြည့်ခိုင်းအပြီး ကြည်နူးစဉ်ကြံမှ အနှောက်အယှက်များက ပေါ်လာသည် မရမကနဲ့ အတင်းဆွဲပြီး ခေါ်နေတာကြောင့် နောက်ဆုံးမှာတော့ ချစ်ရသော ကလေးငယ်အား လက်ပြပြီးသာ အလိုက်တော်ပါရခြင်းပေ.........

•Kho(ကိုယ်​ရဲ့ခို​)(complete)Où les histoires vivent. Découvrez maintenant