Ch 34 : part 2

30.5K 2.1K 63
                                    

Zawgyi♥♥♥♥

Unicode show below^^

ချစ်မြတ်နိုးခြင်း

"ချစ်တယ် ကို့ကိုကို အရမ်းချစ်တယ် အင့်"

ရင်​ခွင်​ထဲမှ နှစ်လုံးသားကတော့ ကျွန်တော့်ကို တင်းကြပ်စွာ ဖက်ပြီး တသိမ့်သိမ့် ငိုရှိုက်နေသည်.........။

"အာကွာ ဘာလို့ ငိုနေတာလဲ? ကိုကို ဘာလုပ်မိလို့လဲ?"

သူ့ကို ဒဏ်ရာနဲ့လက်နှစ်ဖက်ဖြင့်သာ ပွေ့ပိုက်ပြီး ချော့ရပါသည် သို့သော် ကလေးငယ် ဆိုသည်က ချော့ကာမှပင် ပိုတိုး၍ ငိုနေလေပြီ...........

"ကဲပြော သဲငယ် ဘာဖြစ်လို့လဲ"

"အင့် ဘာမှမဟုတ်ဘူး သား သားလေ ဒီနေ့ အင်း ငိုချင်တယ် ကိုကိုက သားကို ထားခဲ့မယ်လိုကြီး လာပြောတယ် အင့်"

"ဘယ်သူကလဲ? ဘယ်သူပြောတာလဲ? ကို့ကို့ကို ပြောပါ"

"တော်ပြီ သား သားကို ခေါ်သွားနော် ကိုကိုနဲ့ လိုက်ခဲ့မယ်နော် သား သား ဒီနေ့ ကို့ကို့က-ို"

"အာ ဘာလို့ ငို့ပြန်တာလဲ? သဲငယ် ကိုကိုနဲံ့ လိုက်ခဲ့မယ်မလား?"

"အင့် အင်းဟုတ်ကဲ့ သား လိုက်ပါစေနော် ကိုကိုနဲ့ မခွဲနိုင်ဘူး"

ကျွန်တော့်မှာတော့ သူ့ကို ပွေ့ဖက်ရင်းသာ ဖွဖွ ကျောပြင်ကို ပွတ်သပ်ပြီး ချော့မြူရသည် ဒါပေမယ့် နှလုံးသားက လုံးဝ တိတ်သွားခြင်း မရှိ ကျွန်တော့်ကို ပိုတိုးဖက်၍သာ ငိုနေပြန်သည်.----။

"ကဲ ကွာ မငိုနဲ့တော့ teachelကို ခွင့်တောင်းပြီး ကိုကို ခေါ်မယ်နော် မငိုနဲ့ ဟုတ်ပြီလား?"

ကလေးငယ်ကတော့ ကျွန်တော့်ကို ဇွတ်အတင်း ပွေ့ဖက်၍သာ ကျွန်တော့် နှလုံးသားဗဟိုသည်လဲ ထိုကလေး အနမ်းများကြောင့် နွေးရပါသည်------။

ထို့နောက် ကလေးငယ်ကို ချော့မော့ပြီး ခေါ်ကာ Teachelကိုလဲ ခွင့်နေ့တစ်ပိုင်း တိုင်ထားခဲ့ပြီး အဆိုးအဆာကို ခေါ်၍ ဆေးခန်းသို့သာ ပြေးရသည် ဒဏ်ရာကို သေချာဂရုတစိုက် စည်းနှောင်းပြီးတဲံ့အထိ ကျွန်တော့်ရဲ့ နောက်ပိုင်း မင်းသားကတော့ အငိုမပြတ်သေး----------။

•Kho(ကိုယ်​ရဲ့ခို​)(complete)Where stories live. Discover now