သဲငယ် ရင်ထဲက အချစ်မှန်သမျှ
ကျွန်တော် တစ်ယောက်တည်းအတွက်
ဖြစ်ပါစေလို့
ဆုတောင်းနေမိတယ်
ဘယ်သူတွေ...
ရူးတယ်ပြောပြော
အဲ့ဒီစိတ်ကူးလေးတစ်ခုနဲ့ပဲ
ဆက်ပြီး ရှင်သန်မယ်......။*******
At 7:00 AM......
Zawgyi💠💠💠
သူနဲ့ ကျွန်တော့်ရဲ့ စေ့စပ်ပြီးတစ်နှစ်ပြည့်ပြီးသလို ကလေးငယ်သည်လည်း သူ့သူငယ်ချင်းတွေနဲ့အတူ စိတ်ပါဝင်စားသော တက္ကသိုလ်ကိုလဲ တက်နေစဲ ဖြစ်သည် အတိအကျဆိုလျှင် First yearနှစ်ဝက်တက်နေစဲပင် ............။
At 11:45 AM...
"၁၁ကျော်ပြီပဲ အခုချိန်ဆို babe breakလောက်ပြီ"
နံရံပေါ်မှ နာရီကိုသာ ငေးကြည့်နေမိပြီး ရေရွတ်မိသည် ထို့နောက် မိမိအလုပ်ကို အပြီးသတ်ကာ ချစ်ရသောသူထံအား phဆက်မိလေပြီ။ သို့သော် အထပ်ထပ်အခါခါphဆက်သော်ငြား phကတော့ ကိုင်သူမဲ့နေစဲပင် ကျွန်တော်လဲ ဆက်ခေါ်နေလည်းမထူးသည်မို့ ကလေးငယ်တက်ရောက်နေသော {......} တက္ကသိုလ်ဆီသို့သာ......။ထိုစဉ် လွန်ခဲ့သော နာရီဝက်ကမှ တစ်ဖက်ကျောင်းမှာတော့ ......
"ခိုမ"
"အေး မိဝင်း(stateကျောင်းက သူငယ်ချင်း ဝင်းဇော်ဋ္ဌေး)"
"ငါ ဒီနေ့အတန်းလစ်ပြီး KTVသီချင်းသွားဆိုဖို့ မင်းလိုက်မလား?? တို့လမ်းထဲမှာပဲ ရှိတယ်လေ နေ့လည်11နာရီကတည်းကဆိုရင် 1+1တဲ့ အခန်းကလဲ သန့်တယ် အကျယ်ကြီးပဲ နောက်ပြီး အဲ့မှာ မင်းမသောက်ချင်တောင် အစုံစားလို့ ရတယ် နောက်ပြီး vocalတွေက ချောတယ်နော်"
"မိဝင်းရယ် ကိုယ့်ဗလကိုမှ အားမနာ အခု ငါသိပြီ မင်းဘာကြောင့် ပိန်နေလဲ ဆိုတာကို ဟေ့ကောင် ကြည့်လုပ်အုံး အဖြေလွန်ပြီး အနိစ္စအမြဲ မရှိခြင်း ဖြစ်သွားမယ်"
"ဟာ ဟေ့ကောင် ပါးစပ်ပုတ်ကြီးနဲ့ကွာ လိုက်မှာလား?? မလိုက်ဘူးလား?? ဒီနေ့ ငါဒကာခံမှာနော် အဝစားပဲ ထက်ကြီးတို့ကိုရော ခေါ်ထားတယ် အဲ့ကောင်လဲ အခုတစ်လော ဘာဖြစ်နေလဲ မသိပါဘူး အမြဲတမ်းပျောက်နေတာ"

YOU ARE READING
•Kho(ကိုယ်ရဲ့ခို)(complete)
Romanceခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...