Zawgyi 💠💠Ch 35 အဆက်>>>>>
ကလေးငယ်၏ ပုခုံးစွန်းလုံးလုံးလေးသို့ တဖွဖွကိုက်ခဲမိသည် ကလေးငယ်ဆိုသည်မှာတော့ ကျွန်တော့်ရင်ခွင်ထဲမှ လက်နှစ်ဖက်သာ ကျွန်တော့်ကို အသာဖွဖွဖက်ပြီး ကျွန်တော် တစ်ခါ သူ့ကို ကိုက်လိုက်တိုင်း အူအသဲယားစွာနဲ့ပင် ပြုံးကြည့်နေမိသည် ~~~~~။
လက်ဖျံလေးတွေ လက်မောင်းလေးတွေ လက်ဖဝါးလေးတွေ လက်ချောင်းလေးတွေ လည်တိုင် ကျော့ကျော့လေးတွေ ပါးဖောင်းဖောင်းလေးတွေ အဝတ်မရောက်သည့် နေရာမှန်သမျှ တဖွဖွ ကိုက်နေမိသည် ~~~~။
"ဦးမင်းထိန်သာ"
"-------"
"ဦးမင်းထိန်သာရေ"
"------"
"အာကွာ မထူးဘူးလား???"
"အဲ့ဒါ ကိုယ့်နာမည်မှ မဟုတ်တာပဲကိုး"
"အောင်မယ် ပြောပါအုံး နာမည် အရင်းလေးကို"
"ကိုကိုလေ အဲ့ဒီနာမည် တစ်ခြားသူတွေ အတွက်တော့ ဟုတ်တယ် ဒါပေမယ့် ခင်ဗျားလေး အတွက် မဟုတ်ဘူး"
ကိုယ်က နှာခေါင်းစွန်းကို ဖိဆွဲပြီး ညစ်လိုက်ကာ ပြောလိုက်သည်မို့ -----
"အ အာ နာတယ်လေ မတရား လုပ်တာ သူများကိုဆို"
"အော ဟော ချစ်တာလေကွာ"
"ကိုကို သားတို့ အိမ်ပြန်ရအောင်လေ အိမ်မှာ မမတစ်ယောက်တည်း ဘွားက တရားစခန်းမှာ"
"ဟင့်အင်း ပြန်မပို့ ပေးနိုင်ဘူး"
ဆံပင်သားနုနုလေးတွေကို ပွတ်သတ်ပြီး ပြောလိုက်သည်-----
"အာ အဲ့လို မလုပ်ရဘူးလေကွာ နော် နော် ကိုကိုက လိမ္မာတယ် ဟုတ်ပြီလား??? မနက်ဖြန် tution ရှိတယ့်လေကွာ နော် သား သား နားပါရစေနော်"
(N-part 35မှာ သင်္ကြန်ဖြစ်နေပါတယ် တကယ်ဆို တန်းဆောင်မုန်းလနဲ့ စထားတာမို့ တစ်လကျော်ဆို ပြာသို ဖြစ်ရမှာပါ သင်္ကြန်sceneရေးမလို့ စဉ်းစားထားပေမယ့် တစ်မျိုးဖြစ်နေလို့ ပြာသိုပဲ ပြန်ပြင်တော့မယ်နော်)
"မတက်နဲ့တော့ကွာ ခွင့်ရက်ယူလိုက် ကိုကိုနဲ့ တစ်ခါတည်းလိုက်ခဲ့ ကိုကို ရှာကျွေးမယ်"

ŞİMDİ OKUDUĞUN
•Kho(ကိုယ်ရဲ့ခို)(complete)
Romantizmခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...