Ch 38 : far from

28.4K 1.9K 104
                                    

တန်ဖိုးဆိုတာ
တန်ဖိုးထားတတ်တဲ့
အပေါ်မှာပဲ မူတည်တာ...
ကျွန်တော်လဲ တန်ဖိုးသိသိ ထားခဲ့တယ်
တစ်ဘဝလုံး ရင်းနှီးမြှုပ်နှံခဲ့တယ်...
ပြန်ရလိုက်တာက အရှက်မရှိ ဟာသတစ်ဖြစ်လဲ ကိုးကွယ်ခြင်းတွေ...

****

Zawgyi💠💠💠

ယနေ့...

ကျွန်တော့်အတွက် ဆယ်တန်းဆိုသော အရာကို နှစ်လကျော်တဲ့အထိ သင်ယူုသည့်နေ့ ဒီအတိုင်း ကိုကိုနဲ့ ကွဲကွာသွားတာ ငါးလပြည့်ပြီးသည့်နေ့...

မေ့နိုင်လားဆိုတော့ မမေ့နိုင်သေး သို့သော် လွမ်းတာရှိရင် နာတာလေးနဲ့ ဖြေသိမ့်ပါ့မယ် တဲ့ တော်လောက်ပြီလေ ကိုကို အပြစ်တွေ များနေပြီ မနေနိုင်ပေမယ့် နေနိုင်အောင်တော့ ကြိုးစားတော့မယ် ထာဝရအတွက် ရည်းစူးမထားခဲ့ရင်တော့ ဆက်ပြီးဟန်ဆောင်လက်တွဲကြဖို့ မဖြစ်နိုင်တော့သည်ပဲ...

ကိုကိုကတော့ ဒီရက်အပိုင်း ကျွန်တော့်ကို ကျေနပ်တဲ့အထိ နေ့တိုင်းလာချော့ပါတယ် တစ်ခါတစ်လေ သူနေမကောင်းရင်တောင် phဆင်ချော့တယ် phမကိုင်ရင်လဲ လူကိုယ်တိုင်လာတွေ့ပြီးချော့တယ် ရှင်းပြတယ် ဒါပေမယ့် မသိချင်တော့ဘူး ကျွန်တော် ကိုကို့ကို ယုံရမှာ ကြောက်နေတယ်...

ဘွားကနေ ဘေးမှဘာမှဝင်မပြော အစပိုင်းတော့ အနည်းငယ် စိတ်ကူးနေပေမယ့် နောက်တော့ မျက်စိမှိတ်ပြီး ခွင့်လွှတ်လိုက်ပုံရပါတယ် သိက္ခာတရား နာမည်ဆိုတဲ့ အရာနဲ့ ရှင်သန်တဲ့ ဘွားမိုးကတော့ မျက်လုံးမှိတ်ပြီး အနိစ္စ ဒုက္ခ အနတ္တဆိုပြီး လက်ကိုင်ထားပုံ ရပါတယ် တရားသမားပီပီ ဖြစ်ပြီးရင် ပျက်ဆိုတဲ့ သဘော...

ကိုကို အိမ်လာရင် ဘွားမိုးတွေ့တယ် ကျွန်တော့်ကို ခေါ်ပေးမယ် ကျွန်တော် ဆင်းမတွေ့ရင်တော့ ကိုကိုက ဘွားကို နူတ်ဆက်ပြီး ပြန်တော့တာပဲ~

သူနာမည်က ခင်မမဆွေတဲ့ သူ့အဖေရဲ့ မြန်မာပြည်က မယားငယ် ထိုမိန်းမကြောင့် သူတို့မိသားစု ဘဝပြိုပျက်ခဲ့ရသည် ထိုမိန်းမက ထိုတွင်မကသေး သူကိုပါ မြူစွယ်လာသည် ဆရာကျလှသော သူမက ကိုကိုအား ဘယ်လိုထိန်းကျောင်းရမလဲ သိသည် နောက်တော့ ကိုကို့ဖေဖေနဲ့ ကွာသွသည် သို့သော် မိသားစုက ပြန်လည်ပြန်ပေါင်းထုတ်ဖို့ မပြေလည်နိုင်တော့ ဘယ်လိုမှ ပေါင်းစပ်လို့ မရတဲ့ ကွဲအက်ကြောင်းတွေလို ......

•Kho(ကိုယ်​ရဲ့ခို​)(complete)Tempat cerita menjadi hidup. Temukan sekarang