{Unicode}
... တစ်ခါတစ်လေမှာ
သူ့ရင်ခွင်ကသာ
ကျွန်တော့်အတွက် အလုံခြုံဆုံး
ခံစားမှုမျိုး....။****
... Lean on....
နှစ်အနည်းငယ် ကြာသောအခါ....
စနေနေ့ မနက်ပိုင်း....
"အဲ့ဒါ ဖြစ်သင့်ရဲ့လား ဘွားဘွား....?။ ကျွန်တော့်ကို ဘာတစ်ခုမှကို လိုက်လျောမပေးဘူး...."
မျက်စိရှေ့မှ TVမှ ထုတ်လွှင့်နေသည့် အစီအစဉ်များကို ကြည့်လိုက် ၊ ဧည့်ခန်းဘေးအစွန်းမှ ရေခဲသေတ္တာဆီ ကူးလူးဆက်သွယ်လိုက်နှင့် တဗျစ်တောက်တောက် ရှိနေမိသည်....။ ဘွားဘွားကတော့ TVဆီမှ အစီအစဥ်ကို ကြည့်ရင်းဖြင့် လက်ထဲမှ သိုးမွေးချည်ထည်ကို ဖြည်နေတာလား မသိ....။ ကျွန်တော့်စကား ကြားလေတော့ ဘွားဘွားက တစ်ချက်ကြည့်လာပြီး လက်ရွယ်လေတော့ ကျွန်တော်ပြုံးလိုက်မိသည်....။
ငယ်ငယ်လေးကတည်းက အဘွားလက်အောက်မှာ ဒိုးဒိုးဒေါက်ဒေါက် အခေါက်ခံရတဲ့သူမို့ ဒီအခြေအနေက သိပ်ကို ရင်းနှီးလွန်းလှသည်.... ။ဒါကြောင့်မို့ အဘွားလက်လှမ်းမမှီနိုင်သည့် နေရာ၌ ထိုင်ခုံဘောင်ကို မှီကာ အောက်မှာ ဖြစ်သလို ထိုင်မိသည်....။
သူ့လက်နှင့်လက်လှမ်းမမှီချိန်မှာတော့ ဘွားဘွားက သက်ပြင်းတစ်ချက် ချပြီး....
"ဘာတစ်ခုမှ လိုက်လျောမပေးတါ မဟုတ်ဘူး....။ ဒီတစ်ခုပဲ လိုက်လျောမပေးတါလို့ ပြောစမ်းပါ။ အဲ့ဒီကလေးကို မင်းပဲ တောက်လျှောက်အနိုင်ကျင့်လာတာမဟုတ်ဘူးလား??"
"အောင်မယ်... အဲ့ဒါ အဘွားရှေ့မို့.... တမင်အလျှော့ပေးဟန်ဆောင်တာ....။ တကယ်တော့ ဘွားဘွားမသိလို့....။"
"ဘာကို သိရမှာလဲ? တောက်လျှောက်မင်းပဲ အနိုင်ကျင့်လာတာနော်.... သားမှီ...။ နေပါဦး... အခုမှ ဘာဖြစ်ရတာလဲ? ကလေးတစ်ယောက်ရခါမှ အရမ်းလှချင်နေတာလား??"
"လှချင်တာ မဟုတ်ပါဘူး ဘွားဘွားရယ်။ ကျွန်တော်က ဒီဆံပင်အနက်အတိုင်း မနေချင်လို့ Greyဘက်ပြောင်းပြီး ခရမ်းဖျော့လေး Highlight ဖောက်မယ်ဆိုတာကို....။ ဒီအတိုင်းကြီးက ကျွန်တော့်စိတ်ကို ထိုင်းမှိုင်းစေတယ် ဘွားဘွားရ....။ ဆံပင်က ဒုတိယမျက်နှာတဲ့ ဘွားဘွား.... အဲ့လိုသာ ပြောင်းလိုက်ရင် ဘွားမြေး သားမှီက ဘာလောက်ချောမလဲမေး??"

YOU ARE READING
•Kho(ကိုယ်ရဲ့ခို)(complete)
Romanceခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...