ချစ်လျှင်အကျိုး
မြတ်နိုးတော့ သဒ္ဓါ
မင်းအတွက် မေတ္တာတရားတွေ သိမ်းထုတ်
ဂုဏ်ပြုပေးမယ် နှလုံးနဲ့ရင်း၍ဘဝနဲ့ ထပ်တူ..........
******
At 7:09 AM~~~~
ဒီနေ့သည် ကျွန်တော် tutionပိတ်သည် အိမ်မှာ အဘွားနဲ့ မမပျို နှစ်ယောက်လုံးမရှိ ကျွန်တော့် phoneကို သူတို့ ယူသွားသည် စာမလုပ်ဖြစ်မှာစိုး၍ပင်.........။
ဒီနေ့သည် တနင်္ဂနွေ မဟုတ် tutionဆရာမ မအားလပ်တာကြောင့် ခွင့်တစ်ရက် ယူလိုက်ခြင်း ဖြစ်သည် ပြီးခဲ့ပြီးသား စာတွေကို revision ပြန်လုပ်နေရင်း ပျင်းရိရိနဲ့ ဖြစ်သည် သီချင်းအခွေကို စက်ထဲထည့် ဖွင့် နားသောတဆင်နေပြီး တွန်းအားတွေကြောင့် မိမိသည် အလွန်အမင်း ပင်ပန်းရသည် အထူးသဖြင့် ကိုကို စာအရမ်းလုပ်ခိုင်းသည်.............။
ကျွန်တော့်မှာ ကိုယ်ပိုင်အားလပ်ချိန်တွေ မှန်သမျှ စာလုပ်ရသည် ကျန်တဲ့ အချိန်တွေ မှန်သမျှ tutionနဲ့ ကိုကို ဟူ၍သာ မျှဝေသုံးစွဲရသည် .......။
လွမ်းတယ် ကိုကို........။
ငယ်ရွယ်တဲ့ အရွယ်မို့ ကျွန်တော့်မှာ ကို့ကို့လို ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး ကိုကို့ကို ငေးကြည့်နေရုံနဲ့ပဲ အဆင်ပြေတာ ကျန်တာ ဘာမှမမျှော်လင့်ခဲ့ဘူး နောက် ကိုကို ကျွန်တော့်ကို စစ်မှန်လို့ တုံ့ပြန်ခဲ့တယ် ထင်တယ် မယုံရဲခဲ့ဘူးလေ အဲ့လောက်အထိ ကျွန်တော် ကိုကို့အပေါ် မမျှော်လင့်ဘဲ ရူးသွပ်ခဲ့မိတာ..........။
မနေနိုင်တော့ပါ ကျွန်တော် အရမ်း သတိရနေသည်မို့......။
📞"Hello"
"Inn ကိုကို ကျွန်တော့်ကို လာခေါ်ပေး"
"ကိုကိုက အခု ရုံးမှာလေကွာ နောက်ပြီး meetingထိုင်ဖို့ ဧည့်သည်တွေပါ စောင့်နေတာ"

ESTÁS LEYENDO
•Kho(ကိုယ်ရဲ့ခို)(complete)
Romanceခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...