Ch 40 : Still

33K 2.1K 99
                                    


{Zawgyi🌾}

သား ကိုကို့ကို ချစ်တယ်...

သား ကိုကို့ကို ချစ်တယ် ထွက်မသွားနဲ့နော် ကျွန်တော် အဆင်မပြေဘူး။ ဒီနေ့က ကိုကိုမေ့နေတာ သုံးရက်မြောက်နေ့။ ဆရာဝန်ကတော့ ကိုမာဝင်သွားမှာ စိုးရိမ်ရသည်တဲ့။ ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ ကိုကိုရ နှစ်သစ်မှာ သားစိတ်ဆင်းရဲရရင် သားတစ်နှစ်လုံး စိတ်မချမ်းသာရတော့ဘူး။
သားကိုချစ်တယ်ဆို ချစ်ရင်သတိရလာခဲ့ပေးနော် အစစအရာရာမှန်သမျှ သား ကို့ကို့ကို ဂရုစိုက်ပါ့မယ်......။

ကုတင်ပေါ်လှဲလျောင်းနေသော ကို့ကို့လက်ကို ဆုပ်ကိုင်ပြီး မျက်ရည်များကို မဆည်နိုင်အောင် ကျနေမိသည်။ ကျွန်တော်သုံးရက်ကျော်ပြီ ငိုလာတာ ကျွန်တော်မငိုချင်တော့ဘူး ...သားပင်ပန်းနေပြီ။

"ဟာ ထမင်းမစားသေးဘူးလား? မောင်လေးရဲ့ သွားစားချည်လေ ...စိတ်ပူတာက စိတ်ပူတာပေါ့ တော်ကြာ ...ကိုယ်ပါလဲသွားရင် ပိုဆိုးမယ်...။"

အခန်းထဲသို့ စစ်ချက်လာယူသော nurseမမ၏ အသံ သူကတော့ ကျွန်တော်လာတိုင်း တွေ့နေကျမို့ အခုဆို အတော်ရင်းနှီးနေလေပြီ...။

"သား... သားမဆာလို့ပါ မမရယ်...။ သားစားလို့ မဝင်ပါဘူး အင့် အင်း"

"သြော် တိတ်ပါကွယ်... သတိရလာမှာပါ။ အခုဟာ မျောနေတာ မဟုတ်ပါဘူး။ ဒီအတိုင်း ခဏမေ့နေရုံပါပဲနော် ဒီနေ့တောင် ကံကောင်းရင် သတိရလာတော့မှာ။"

nurseမမကတော့ ကျွန်တော့်ကို နှစ်သိမ့်စေပြီး အခန်းထဲမှ ထွက်သွားလေပြီ။ မမထွက်သွားအပြီး ကျွန်တော့်မှာ ကို့ကို့ရင်ဘတ်အပေါ် မျက်နှာအပ်ပြီး ငိုကြွေးနေမိပြန်သည်။ တဖြည်းဖြည်းနဲ့ ငိုရင်း ငိုရင်းပင်ပန်းလာတာမို့ ကိုကို့ ရင်ဘတ်ပေါ် မှေးမှီရင်း အိပ်ပျော်သွားလေပြီ......။

"အင့် အင်း အား ကျွတ် ကျွတ်"

လက်တစ်ဖက်က အကြောထဲသို့ dripသွင်းထားတာကြောင့် ကျန်လက်ဖက်နဲ့ နားထင်နှစ်ဖက်ကို နှိပ်နယ်လိုက်ပြီး ပိတ်ထားတာ ကြာနေပြီဖြစ်သော မျက်ဝန်းတို့ကို တဖြည်းဖြည်းကျင့်သားရအောင် ဖွင့်စေသည် ။ထို့နောက် ရင်ခွင်ထဲက တစ်စုံတစ်ရာ ငုံ့ကြည့်လိုက်စဉ်မှာတော့ .....။

•Kho(ကိုယ်​ရဲ့ခို​)(complete)Where stories live. Discover now