Ch 39 : Ego

29.2K 2K 115
                                    

နှလုံးသားဆိုတာ ဘယ်တော့မှ
ညာလို့ မရတဲ့ အရာမျိုး...

*****


Zawgyi💠💠💠

ch 38 အဆက်>>>>

"ဖယ် ဖယ်လို့ လွှတ်နော် ဘာလို့ ဒီရောက်လာတာလဲ??"

သူ့ရင်ခွင်ထဲမှာ အတင်းဖယ်ထုတ် သွားချင်ပါသော်ငြား သူဆိုသည်မှာတော့ လုံးဝလွှတ်မပေးခဲ့ ခန္ဓာကိုယ်တစ်ခုလုံး သူရဲ့ရင်ခွင်ထဲ နစ်မြုစ်နေပြီး အသက်ရှုတာပင် အကြပ်ရိုက်လာရသည်...

"ငြိမ်ငြိမ်လေးနေ ခိုပေါက်လေးရဲ့ မဟုတ်ရင် တစ်ယောက်တည်း ကဲနေတယ်ဆိုပြီး ဘွားကိုတိုင်မှာနော်"

"တိုင်လေ သွား တိုင်ချည် ဂရုမစိုက်ပါဘူး သင်္ကြန်မလို့ ရေကစားတာပဲ ခင်ဗျားသာ မဆီမဆိုင် လိုက်ချုပ်ချယ်နေပြီးတော့"

သူကတော့ သက်ပြင်းတစ်ချို့ချပြီး

"ဟင်း~~ ပြန်ရအောင် ဖျားနေလိမ့်မယ် နောက်ပြီး သဲငယ်ဖျားရင် အကြာကြီး ပြီးတော့ အားမရှိရင် ကိုယ်ကဆယ်တန်း အရေးကြီးတယ်လေ"

"ဟင့်အင်း မပြန်ချင်သေးဘူး ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို လွှတ်ထားလိုက်စမ်းပါဗျာ"

"လွှတ်မထားနိုင်လို့ပေါ့ ဘယ်အချိန်ကစားမှာလဲ?? ကိုယ်စောင့်နေပေးမယ် အိမ်ရောက်ရင်တော့ ဆေးသောက်ရမယ်"

"ဟင့် ခင်ဗျားပြောစရာမလိုပါဘူး ကျွန်တော့်ဘာသာ တစ်ယောက်တည်းနေလဲ အဆင်ပြေတယ် ဖျားဖျား ဘယ်လိုနေနေ အလှည့်မသင့်လို့ သေသွား_"

"တော် !! တော်တော့ မင်း မင်း ငါအလိုလိုက်တယ်ဆိုပြီး ရောင့်တက်နေတာ မပြောတော့နဲ့ နောက်တစ်ခါအဲ့စကား ထွက်ရဲထွက်ကြည့်သေမယ်မှတ် နားလည်လား???"

သူ၏အသံသည် တဖြည်းဖြည်းနဲ့ ရင့်ရိုင်းလာပြီး သူ၏အသားများသည် တဆတ်ဆတ်တုန်ရီလာသည် ကျွန်တော့်ကို ကြည့်နေသော မျက်ဝန်းတို့မှာ နီရဲနေပြီး ဒေါသအဟုန်တို့ဖြင့် ကြွနေသည်............။

•Kho(ကိုယ်​ရဲ့ခို​)(complete)Where stories live. Discover now