Ch 23 : adore

41K 2.9K 164
                                    

သို့....
က​လေးငယ်
လွမ်းတယ်
အချိန်​တိုင်းပဲ မြင်​​နေချင်​တယ်
ပြန်​လည်​တုံ့ပြန်​မ​နေခဲ့ရင်​​တောင်
ခပ်​​ချေ​ချေ အပြုံးများနဲ့
ကိုယ်​ အသားကျ​နေပါပြီ က​လေး​ပေါက်​ရဲ့
.........

**********

At 8:50 AM~~~

"ဘာဖြစ်​​နေတာလဲ ခိုမ"

ဘေးနားကထက်​ကြီး အသံ​ကြောင့်​ လူက လန့်​သွားမိသည်​ အ​တွေးနယ်​မှ လွန်​​မြောက်​လာပြီး လက်​ရှိအချိန်​သို့ သက်​ပြင်းတစ်​ချက်​ချပြီး ​ခေါင်းကို ခါရမိးးလိုက်​သည်​.........။

"မင်း တစ်​ခုခုဖြစ်​​နေတယ်​ ခိုမ ​ပြောပါ ဆရာမ လာ​တော့မှာ "

"ငါ ပင်​ပန်း​နေလို့ပါ"

"ဘယ်​လို_"

ထက်​ကြီး အသံတို့ ရပ်​တန့်​သွား​လေပြီ အခန်းထဲသို့ ဘာသာရပ်​ဆရာမ ဝင်​လာသည်​မို့ အားလုံးက မတ်​တပ်​ထရပ်​လိုက်​ပြီး ညီညာစွာပင်​ မင်္ဂလာပါ ဟု နူတ်​ဆက်​လိုက်​ကြသည်​ ဒီ​နေ့ မိဝင်း တုပ်​​ကွေးမိကာ ဖျား​နေသည်​မို့ အတန်းခုံတွင်​ မိမိရယ်​ ထက်​ကြီးရယ်​ ​ကျော်​ရယ်​ သုံး​ယောက်​တည်း ထိုင်​​နေရသည့်​အဖြစ်​ ထိုအထဲတွင်​ ထက်​ကြီး ဆိုသည်​က​တော့ ကျွန်​​တော်​နဲ့ ပူးကပ်​ထိုင်​​နေသည်​.........။

မကြာမီပင်​ teachelက textbookနဲ့အတူ notebookကိုပါ တစ်​ခါတည်း တွဲထုတ်​ခိုင်းထားသည်​ teachel၏ lectureရိုက်​သံများနဲ့ စာသင်​ခန်းတစ်​ခုလုံး လွမ်းခြုံ​နေ​လေပြီ......။

📖စာရွက်​ထဲတွင်​ ​ရေးသား၍ ​ပြောဆိုခြင်းများ...

ထက်​ကြီး - မင်းစိတ်​ညစ်​​နေတယ်​ မလား??

ခဲတံနဲ့​ရေးထား​သော စာရွက်​ပိုင်း​လေးတစ်​ခု ဘာလဲဟူ​သော အ​တွေးဖြင့်​ ထက်​ကြီးကို ကြည့်​မိလိုက်​စဉ်​မှာ​တော့ သူက ကြည့်​ပါရန်​ ​မေး​ငေါ့ပြ​လေပြီ မိမိလဲ စာရွက်​ပိုင်း​လေးကိုသာ ယူကြည့်​လိုက်​ပြီး

•Kho(ကိုယ်​ရဲ့ခို​)(complete)Where stories live. Discover now