ကြယ်တွေကြွေတိုင်း
လိုရာဆုကို ဘယ်တော့မှ မတောင်းခဲ့ပေမယ့်
မင်း အပြုံးလေးတွေ
အမြဲတမ်း လတ်ဆတ်နေပါစေ...
လို့တော့ တောင်းဆိုပြုမိတယ်
တော်ပြီလေ
နောက်ထပ် ကိုယ့်အတွက် ဆုဆိုတာ မလိုအပ်တော့ဘူး**********
At 7:10 AM~~~~~
📞.....
"Hello ခိုမရေ မင်း တစ်ခါတည်း ညကတည်းက ပြာကျနေပြီ ထင်တာ"
"ဟာ ထက်ကြီးကလဲကွာ အဟွတ် အင်း"
"ဘာလဲ ခိုမ အသက်ငင်နေတာလား??"
"ဟာ ထက်ကြီးရာ ငါ တကယ် မင်းကိုတောင်းပန်မလို့ကို အဟွတ် ..ငါ့ကို အဲ့လိုမပြောနဲ့ ဟတ်ချိုး အင်း"
"အေးပါ ထားပါတော့ စိတ်ဆိုးတော့ မပြေသေးဘူး ပြောပါအုံး ညက မလာဖြစ်ဘူး အခုလဲ နေမကောင်းဘူး အိမ်ထဲမှာနေပြီး တုပ်ကွေးမိတာတော့ သိပ်ပြီး သဘာဝ မကျပုံပဲ"
"အင်း ငါ ငါညတုန်းက KTVလမ်းထဲထိ ရောက်ခဲ့တယ် ဒါပေမယ့် _"
"ဟိုလူကြီးလား??"
"အင်း အတင်းတားတာ မသွားဖို့ နောက်ပြီး သူ ငါ့ကြောင့်accidentဖြစ်သွားသေးတယ်"
"ဟမ် ဘာဖြစ်သွားသေးလဲ??"
"ဘာမှတော့ မဖြစ်ဘူး ခေါင်းထိသွားတာ"
"Aww တော်တော်များလား??"
"အရမ်းမများပါဘူး ဒါပေမယ့် ဟတ်ချိုး အင်း_"
"ဒါနဲ့ မင်းကရော ဘာဖြစ်နေတာလဲ??"
"ညက အအေးမိသွားတာ"
"ဟမ် မိုးရွာထဲကို လျှောက်သွားတာလား?? ဟိုက မင်းကို လိုက်ပို့မှာပါ မင်းကို အသေဂရုစိုက်တာပဲကို"
"အင်း လိုက်ပို့တယ် ဒါ ဒါပေမယ့် မိုးရွာပြီးအထိ ငါတို့ အိမ်မရောက်သေးဘူး"

YOU ARE READING
•Kho(ကိုယ်ရဲ့ခို)(complete)
Romanceခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...