Extra 5: Unicode

20.4K 868 39
                                    

** ခိုငယ်လေး
ဒီလောက် ဂျစ်တိုက်ပြီး
ဆိုးဆာနေတဲ့ ကောင်ငယ်လေးကို
ကျွန်တော် ဘာကြောင့် အရူးအမူးဖြစ်သွားလဲ
မသိတော့ပါဘူး။

****

At 4:30 AM

"ဘြား ခိုပေါက်စရော"

ကျွန်မမှာ မနက်စောစောထ ဆီမီးကပ် ပန်းကပ်လှူနေပြီး ရွတ်ဖတ်သည်။ ပုတီးစိပ်ပြီး ခဏနားမှပင် စောစောစီးစီးလာသော ဧည့်သည်နဲ့ တွေ့ရလေပြီ။ မိမိထင်ခဲ့သော ရိုးသားကြိုးစား ဖိုးသခြားက လက်ထိုးပေးရင်တောင် မကိုက်တတ်သော ကလေးငယ်ဟု ထင်ခဲ့သော်ငြား အခုတော့ အထင်နဲ့အမြင်နဲ့ တလွဲစီ။

မြေးမလေး ထိုင်းသွားကတည်းက အိမ်မှာ မြေးငယ်မျောက်ရှုံးနဲ့အတူ နားပူနားဆာ ကိုက်ရသည့်အထဲ မြေးယောကျာ်းလေး၏ ချစ်သူမြေးသမက်ဆိုသည်ကလည်း ရာသီဥတုမကောင်းရင် အမြဲတမ်း ပေါ်လာတတ်သည်။

"ဘာလို့လဲ? မောင်မင်းထိန်သာ..."

"ဟုတ် ... ဘာရယ်လို့တော့ မဟုတ်ပါဘူး ညက ဖုန်းပြောနေရင်း နှာကစ်သွားလို့...။  အဲ့ဒါ မနက် စောစောထပြီး လာချော့တာ..."

"မင်းနှယ့် ..တကယ်ပါပဲ အဲ့ကလေးက အဂျစ် ဘာလို့ အဲ့လောက်ကြီး သည်းခံနေတာလဲ? မင်းစိတ်ကုန်ရင် ထားပစ်ခဲ့လိုက်"

"ဟား မလုပ်ပါနဲ့ ဘွားရာ... ကျွန်တော့်မှာ ခ်စ္စရာဆိုလို့ သူပဲ ရှိတာပါ..."

အပြုံးနဲ့ ပြောလိုက်တော့ အသက်ကြီးပဲ အချိန်မစီးတဲ့ ဒီဘွားတော်ကြီးကပဲ စိတ်ပုတ်နေသလိုလို။ ကိုယ့်မြေးလေး ခံစားရေသာ အလုပ်မှတ်သမျှကို အဘွားတစ်ယောက်အနေနဲ့တော့ ဘယ်ဖြစ်စေချင်ပါ့မလဲ? သို့သော် ဒီနှစ်ယောက်က ကျွန်မထင်တာထက်ပင် အတော်လေး ဆိုးဝါးနေသည်မို့။

"ပြောလိုက်မယ်... မင်းလာသွားတယ်လို့ မင်းညက အိပ်ရော အိပ်ရဲ့လား? စောစောစီးစီး ပြေးလွှားလာရလောက်အောင်...။   အိမ်း ... တော်ပြီ အဲ့ကလေးကို မင်းကြပ်ကြပ်အလိုလိုက် မင်း တကယ့်ကို အဆိုးအဆာလာမှာ.."

"ဟင်း"

ဘာမှမပြောဘဲ ငုံ့လျက်ရယ်နေသော မြေးသမက်ဖြစ်သူကြောင့် ကျွန်မမှာတော့ ဘာမှမပြောတော့လောက်အောင် ငြိမ်သက်သွားမိသည်။

•Kho(ကိုယ်​ရဲ့ခို​)(complete)Where stories live. Discover now