သို့ကလေးငယ်.....
At 7:08 PM~~
Ch- 21 အဆက်>>>>>
"ကိုယ်အခု မင်းကို နမ်းချင်နေတာ ကလေးငယ်"
စကားတစ်ခွန်းရဲ့အဆုံးမှာ ကလေးငယ်ဆီမှ အကြည့်စူးစူးများ ခပ်မဲ့မဲ့ မျက်နှာနဲ့အတူ သူရယ်သွမ်းလာပြီ
"ဟား ကျွန်တော့်ကိုလား?? နမ်းချင်တာ ခင်ဗျား ကျွန်တော့်ကို ဘယ်လိုတောင် တွေးနေမိတာလဲ?? အပေါစား ဆန်လိုက်တာ"
"အပြင်မှာ မှောင်နေပြီ ကလေးငယ် ပြန်တော့နော် ကိုယ်လိုက်ပို့မယ်"
"ရတယ် ပြန်မပို့နဲ့ ဘာတဲ့ ကျွန်တော့်ကိုတောင် မရှိချင်လောက်အောင် ဖြစ်နေတဲ့ သူက ကျွန်တော့်ကို ချစ်တယ် တဲ့လား?? ကမ္ဘာ ပေါ်တွင် အရီရဆုံး ဟာသ်"
"တောင်းပန်ပါတယ် လာ ပြန်တော့ မနက်ကျရင် အတန်းရှိတယ်မလား ?? ရေးလဲ မချိုးရသေးဘူးမို့လား??"
"Okလေ ချစ်တယ်ပေါ့ ဟုတ်လား?? ခင်ဗျား မလို့ မမကိုဖြတ်ပြီး မောင်နဲ့ တွဲရမယ်လို့ ဘယ်လိုတောင် တွေးခေါ်လိုက်တာလဲ??""--------"
"ကျွန်တော့်တို့ တွေ့ဆုံတာ နောက်ဆုံးပါပဲ ရှေ့ဆက် ခင်ဗျားနဲ့ ကျွန်တော်က သူစိမ်းပြင်ပြင်ပဲ ခင်ဗျားလမ်း ခင်ဗျားလျှောက် ကျွန်တော်လဲ ကျွန်တော့်လမ်း ကျွန်တော် လျှောက်မယ်"
"ဖရဲသီးတွေ အရမ်းမစားနဲ့ အေးနေတာကို"
"ဟမ် ဖရဲသီး ဘယ် ဘယ်လို??"
"ကဲ ပြန်ရအောင်လေနော် ပင်ပန်းနေပြီလေ"
"ရတယ် ကျွန်တော့်ဘာသာ ပြန်မယ်"
သူ့ကို ကျောခိုင်းပြီး backpackလွယ်ပြီး ပြန်မယ်လုပ်ပေးမယ့် လက်ကောက်ဝတ်ကို ဆွဲထားသော သူ့လက်တွေနဲ့အတူ သူ့နဲ့ မျက်နှာချင်းဆိုင် ဆွဲယူလိုက်ပြီး မျက်လုံးချင်း ဆုံစေသည်..........။

YOU ARE READING
•Kho(ကိုယ်ရဲ့ခို)(complete)
Romanceခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...