Unicode Version
ဝမ်ရိပေါ်!!ဝမ်ရိပေါ်!!
အသံတွေကြွက်ကြွက်ညံအောင်ဆူညံနေသည်...
ထိုသည်မှာ ကျောင်းသူလေးများ၏အသည်း
ကျော် ဝမ်ရိပေါ်ကြောင့်ပင် .. စာတွင်လည်းနံ
ပါတ် 1 အားကစားမှာလည်း နံပါတ် 1 မိသား
စုအသိုင်းအဝိုင်းကလည်းပြောစရာမလို ..
အထူးသဖြင့် သူ့ကိုအတွေ့များတာက ကျောင်းပေါင်းစုံ ဂိမ်းပြိုင်ပွဲတွေမှအစ နိုင်ငံကိုယ်စားပြုဂိမ်းပြိုင်ပွဲတွေအဆုံးဂိမ်းဆာဗာတွင်အမြင့်ဆုံးကစားသမား Top One
player ဝမ်ရိပေါ်လို့ပြောလိုက်တာနဲ့မသိတဲ့သူပင်
မရှိ....မိန်းကလေးများပါမက ယောက်ျားလေးမျာကပင်အားကျကြသည်...ဝမ်အိမ်ရဲ့ သားငယ်လေးဝမ်ရိပေါ်ဟာ မာနလည်းအရမ်းကြီးတဲ့ မာနခဲလေးဖြစ်တယ်.....ဒီတက္ကသိုလ်မှာ ရိပေါ်ကိုမသိတဲ့သူမရှိ..
ဝမ်ရိပေါ်၏ဂုဏ်သတင်းများမှာထိုသို့ပင်..."ရှီကော ကျွန်တော်မနက်ဖြန်ကျောင်း
မတက်ဖူး ခွင့်စာတင်ပေးပါဦး.."ရိပေါ်တစ်ယောက်ရှီကောအခန်းထဲသို့လာကာ
အမှာတော်ပါးနေခြင်းဖြစ်သည် . ရှီကောမှာဝမ်
ရိပေါ်၏ အကိုအရင်း .. ဝမ်အိမ်တော်၏ သားကြီး
ဖြစ်သည်..."ဘယ်သွားမလို့တုန်း .."
"Squadထဲကဟိုနှစ်ယောက်ကိုမုန့်ကျွေးမယ်
လို့ကတိပေးထားလို့""အားဝမ် မင်းကလည်းငါလည်းမင်းSquadထဲက
ပဲလေ..ငါ့ကိုကျမကျွေးဘူးပေါ့""ကောရယ်...မကပ်သပ်စမ်းပါနဲ့ .. ကိုယ့်ဘာသာ
ဝယ်စားစမ်းပါ"ရှီကောစကားပြောချိန်ပင်မရတော့..ဝမ်ရိပေါ်အခန်း
ထဲကထွက်သွားပီလေ....ဝမ်ရိပေါ်တို့Sqaudမှာ ငါးယောက်ရှိတယ်.
သာမန်Squad မျိုးမဟုတ်ပဲ ဂိမ်းပြိုင်ပွဲတွေအတွက်ဖွဲ့စည်းထားတဲ့အဖွဲ့သာဖြစ်သည်..... W squadလို့ပြောလိုက်ရင် Gamerတွေရော ကောင်မလေးတွေပါမသိတဲ့မရှိအဖွဲ့ဝင်ငါးယောက်မှာ
ရှီကော
ဝမ်ရိပေါ်
ကျန်းဖန်ရှင်း
ကောချန်
ဝမ်ဟောက်ရွှမ်း တို့ဖြစ်သည်...ငါးယောက်စလုံးကကျောင်းတွင် အရမ်းHitဖြစ်
ကြသည်....ဝမ်ရိပေါ်ကတော့ Hitအဖြစ်ဆုံးမာန
ခဲလေးပေါ့.....ဝမ်ရိပေါ်ဟာ သူ့Squadထဲကငါးယောက်ကလွဲရင်ကျန်တဲ့သူ့များကို စိစိညက်ညက်ကြေအောင်ကိုချေတော့တာဖြစ်သည်....
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)