Unicode Version
ဝမ်ရိပေါ် ဒီနေ့တော့ ကျောင်းကိုDriver
နဲ့သာသွားရမည် .. စက်ဘီးမှောက်ပီး
ခြေထောက်မှာ ဒဏ်ရာရလာသောကြောင့်
မာမားတို့က စက်ဘီးနှင့်ကျောင်းသွားခွင့်မပြု
တော့ပေ...ရှီကောကတော့ သူ့ဘာသာကားမောင်းကာ
သွားပြီ ..ညီလေးကိုသူ့ကားနဲ့တောင်
မခေါ်သွားဘူး .."သားငယ်...ဒဏ်ရာနာနေသေးလားလာဦး
မားကြည့်ပေးမယ်.."မာမားကသူ့နားကိုလာကာ ဘောင်းဘီကိုအသာ
လေးလှန်ကြည့်သည်...သူမ၏သားငယ်လေး
ခြေထောက်ဖြူဖြူသေးသေးလေးမှာ ဒဏ်ရာ
ကြောင့် ပတ်တီးကြီးနှင့်မလိုက်ဖက်..."မနာတော့ပါဘူးမားရဲ့ .. သားဒဏ်ရာက
သေးသေးလေးပါ...""နောက်တစ်ခါစက်ဘီးမစီးရဘူးနော်သားငယ်..
သားငယ်ကိုဒဏ်ရာတွေနဲ့မာမားတွဲမမြင်ချင်ဘူး""ဟုတ်ကဲ့ပါ မာမားရဲ့ .. ခုလောလောဆယ်တော့
ဟီးဟီး...သားကတ်ထဲကိုမုန့်ဖိုးထည့်ပေးပါဦး
ကုန်ခါနီးနေပီ"မာမားက အားဝမ်ပါးလေးကိုတစ်ချက်နမ်း
လိုက်ကာ.."မားပီးရင်ထည့်ပေးလိုက်ပါ့မယ်ဟုတ်ပီလား.."
ရိပေါ်ဆိုသည်မှာ ဝမ်အိမ်တော်၏ ဂုဏ်ယူရသော
သားငယ်လေးဖြစ်သည်...ဝမ်အိမ်၏ ဩ
ဇာအာဏာမှာကြီးမားသည့်အပြင် ဝမ်အိမ်၏သား
လေးမှာ စာမှာသာမက အဘက်ဘက်က တော်
သည့်လူမို့ ..**********
Lingကတော့ဒီနေ့စိတ်ဆိုးကာသူ့ကိုရှောင်နေ
တယ် .. Lingကပထမနှစ်ဖြစ်ပီး...
ရှောင်းကျန့်ကတော့ နောက်ဆုံးနှစ်ဖြစ်သည်..
Lingက ဝမ်ရိပေါ်တို့နှင့်အတန်းတူတူပင်ဖြစ်
တယ်...ဝမ်ရိပေါ်ကသာချေလွန်း၍ဘယ်သူ့
ကိုမှသတိမထားမိတာဖြစ်တယ်မနက်ပိုင်းပထမဦးဆုံးအတန်းချိန်ဆရာဝင်ပီးတာ
နှင့် ဟောက်ရွှမ်းနှင့်ကန်တင်းသွားဖို့လုပ်လိုက်
တယ်...ထိုစဉ် ကောချန်နှင့်ဖန်ရှင်းတို့ဝင်လာပီး"ဟောက်ရွှမ်း .. ဟိုဟာlingဆိုတဲ့တစ်
ယောက်လား .. မနေ့ကမင်းနဲ့ငြိတယ်ဆိုတာ"ကောချန်ကထောင့်နားကLingရှိရာဘက်ကိုလက်ညိုးထိုးကာသိချင်သလိုလေးမေးလိုက်သည်..
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)