Unicode Version
ရိပေါ် အဲ့ဒီအစ်ကိုသူ့ကိုဒေါသထွက်ပြီးအော်ပြော
နေတဲ့ပုံလေးကအရမ်းချစ်ဖို့ကောင်းလွန်းလို့မျက်လုံးထဲကတောင်မထွက်...ဟိုနှစ်ကောင်စားသမျှသောက်သမျှရှင်းပီးလို့မပြီးသေး..သူတို့နဲ့အတူShoppingထွက်ရသေးသည်....ရိပေါ်ညနေစောင်းမှသာအိမ်ပြန်ရောက်တယ်...အိမ်ပြန်
မရောက်ခင်တစ်လမ်းလုံးလည်း ထိုအစ်ကိုအကြောင်းသာတွေးနေမိလို့ စိတ်နဲ့လူနဲ့မကပ် .. အိမ်ပြန်ရောက်လို့ ညဘက်အိပ်ယာထဲမှာထိ တွေးနေမိတုန်းပင်...ဝမ်ရိပေါ်သူ့ကိုချစ်သွားပါပီလို့တော့ခေါင်းစဉ်မတပ်ချင်သေးပါ...အရမ်းပေါ့ပျက်ပျက်ဖြစ်သွားမှာကိုစိုးရိမ်မိပါသည်..သဘောကျတယ်စိတ်ဝင်စားတယ်။အင်းဒီလောက်ပါပဲ...တကယ်..ဝမ်ရိပေါ်သူ့စိတ်သူသေချာနားမလည်နိုင်တော့ ...
"အားဝမ်...သားငယ် မားဝင်လာမယ်နော်...."
အပြင်ကအော်သံကြားမှသာ ဟိုအစ်ကိုအကြောင်တွေးနေတာကိုရပ်လိုက်ပီး...
"ဟုတ်ကဲ့ မား..."
"သားငယ် .. နွားနို့ နဲ့ ပေါင်မုန့် သားငယ်စားဖို့ .... "
"ဟုတ်မား သား စားလိုက်ပါ့မယ်..."
မားကမုန့်ဗန်းလေးကိုချပေးပီး အခန်းထဲကမ
သွားသေးပဲ..."သားငယ်မျက်နှာကိုကြည့်ရတာပျော်နေတဲ့ပုံပဲ
ဘာတွေများပျော်စရာရှိလို့လဲ..."ဝမ်ရိပေါ် မာမားဖြစ်သူကိုရင်ဖွင့်ဖို့ဆုံးဖြတ်
လိုက်သည်။"သား လူတစ်ယောက်ကိုစိတ်ဝင်စားနေမိပီထင်
တယ်မား...""အင်း...မား သားလေး ဘယ်တော့မှသဘောကျတဲ့သူတွေ့မလဲ မားကစိုးရိမ်နေတာ သားကြီးပြောတာလည်း ခုထိ သားငယ်စိတ်ဝင်စားတဲ့ကောင်မလေးမရှိသေးဘူးတဲ့...ခုတော့သားစိတ်ဝင်စားတဲ့သူရှိနေပီပေါ့လေ..."
"ဟုတ်တယ်မား...သား သူ့ကိုတစ်ခါပဲတွေ့ဖူး
သေးတာ ဒါပေမယ့် ခုထိသူ့အကြောင်းပဲစဉ်း
စားနေမိတယ်...သားသူ့ကိုသဘောကျတယ်လို့
ထင်တယ်...""အင်း....ဘာပဲဖြစ်ဖြစ် သားလည်းအထက်တန်း
အောင်ပီး ပထမနှစ်တောင်ရောက်နေပီပဲ..သား
ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တိုင်းကိုမားတို့လက်ခံ
ပေးမှာပါ...."
VOUS LISEZ
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)