Zawgyi Version
"ဖြန်းးး!!"
ရှောင်းကျန့် အိမ်ပြန်ရောက်တာနဲ့ အဖေဆီမှ
ပါးရိုက်ခံရသည်...သူငယ်ငယ်လေးကတည်း
ကမိဘနှစ်ပါးစလုံးကသူ့အား လက်ဖျားနှင့်
ပင်မထိဖူးပါ...ခုဒီဝမ်ရီပေါ်ဆိုတဲ့ကောင်ကြောင့်
သူကပါးရိုက်ခံရတယ်တဲ့လား..."မင်းသူများသားသမီးကို အဲ့လို လက်လွတ်စပယ်
လုပ်ရမယ်လို့ ငါတို့ သင်ပေးခဲ့လား..ဟမ်.ပြောစမ်း..""ကျွန်တော်ထပ်ပြောမယ်..ပါး..သူကယောက်ျားလေး
ဗိုက်မကြီးနိုင်ဘူး...အဲ့တော့ ကျွန်တော်တာဝန်မယူနိုင်
ဘူး...""ဖြန်းးး!!!!"
"ကိုရယ်..တော်ပါတော့ ..မရိုက်ပါနဲ့တော့ပါးစပ်ကပဲ
ပြောလိုက်ပါ...""မင်းတာဝန်မယူနိုင်ဘူးဆို ဘာလို့ လုပ်ခဲ့သေးလဲ..
အခု အွန်လိုင်းမှာ ပုံတွေပြန့်နေပီ..ငါတို့အိမ်ရဲ့
ဂုဏ်သိက္ခာ...ဘယ်မလဲ..ပြီးတော့ ဝမ်အိမ်တော်
ကရော....""ကျွန်တော် ဆန္ဒမပါခဲ့ဘူး..ပါး ဒါလုပ်ကြံခံရတာ
အဲ့ကောင် တမင်ဂွင်ဆင်နေတာ..သူဆင်တဲ့ဂွင်ထဲ
ကျွန်တော်ကဝင်စရာလား....""ငါအမှန်တိုင်းပြောရရင် မင်းနဲ့ပေးစားဖို့စီစဉ်နေ
တာအဲ့ဒီ ဝမ်အိမ်တော်ကသားငယ်လေးနဲ့ပဲ..အစက
တော့ နည်းနည်းနောက်ကျမှစီစဉ်မလို့ပဲ..အခုပုံတွေ
ပြန့်ကုန်ပီ...ငါတို့ လက်ထပ်ပွဲကိုအမြန်ဆုံးစီစဉ်
မယ်... မင်းငြင်းဖို့ လုံးဝမကြိုးစားနဲ့..မင်းမှာတာဝန်ယူ
စိတ်လေးတော့ရှိသင့်တယ်...."ပါးကတော့ပြောချင်တာကိုပြောပီးထွက်သွားတော့
ရှောင်းကျန့်က ပါးလေးတစ်ဖက်ကပါးရိုက်ခံထားရတာကြောင့်
ရဲကာကျန်ခဲ့သည်..
စိတ်ပျက်လက်ပျက်နှင့် ခုံပေါ်ကပုံတွေကိုကြည့်လိုက်
သည်..အဲ့ကောင်လေးနဲ့မှားခဲ့တယ်ဆိုတာငြင်းလို့မှ
မရပဲ...ဒါပေမယ့် ကျွန်တော့ဆန္ဒမပါပဲလေ.."သားရယ်...မင်းအဖေအကြောင်းလည်းသိရဲ့သား
နဲ့ လူကြီးတွေက သားကောင်းဖို့စီစဉ်တာပါသားရယ်
လက်ခံလိုက်ပါကွယ်..သားနဲ့သားအဖေကို တင်းမာ
နေမယ့် အခြေအနေမျိုးကြီး မာမားမဖြစ်စေချင်ဘူး..
ဝမ်ရီပေါ်ဆိုတဲ့ကလေးကလည်း လူတော်လေးပါ.."
STAI LEGGENDO
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)