Just Only For You-(7)

17.1K 1.6K 78
                                    

Zawgyi Version

ဘာလိုလိုနဲ့ ရီပေါ်မွေးနေ့တောင်နီးလာပီ..
ရီပေါ်ကတော့အရမ်းတွေရင်ခုန်နေတော့တာပေါ့
သူ့မွေးနေ့ပွဲကိုကိုကိုပါလာမှာလေ....

"အားဝမ်...သားငယ် သားမွေးနေ့နီးလာပီ ဘာလို
ချင်လဲ မားဘာဝယ်ပေးရမလဲသား.."

မာမားက ရီပေါ်အခန်းထဲဝင်လာကာ ကုတင်ပေါ်
မှာထိုင်နေတဲ့ ရီပေါ့်ပါးလေးကိုမွှေးကြူရင်းမေး
တယ်..

"သား ဘာမှမလိုချင်တော့ပါဘူးမာမား...သားမွေး
နေ့ပွဲကို ပြင်ဆင်ပေးထားလို့လည်း ကျေးဇူးတင်
ပါတယ်မား.."

"သား...တကယ်လို့ သားကို မာမားတို့က အိမ်ထောင်
ချပေးရင်သားငြင်းမှာလား..."

"မား......ကျွန်တော်ကငယ်သေးတယ်လေ.."

"မားအတင်းအကြပ်မလုပ်ပါဘူးကွယ်..သာပါပါး
ကသာ...ဒါပေမယ့် မပူပါနဲ့ မားသားလေးဆန္ဒမပါ
ရင် မား ရအောင်တားပေးမယ် ဟုတ်ပြီလား."

"အဲ့တာကြောင့် မာမားကိုချစ်တာ..."

ရီပေါ်ကလည်းမာမားကိုပြန်လည်နမ်းလိုက်တယ်
တကယ်ကိုအချွဲပိုလေးပါ...

"အံမယ်ရီပေါ်...မာမားကိုချွဲနေပြန်ပီလား..."

ရှီကောကအခန်းထဲဝင်လာရင်းရီပေါ်နဲ့မာမားကို
တွေ့ပီးပြောတယ်..

"ရှီကောနော်.ဘာ ချွဲတာလဲ..မနာလိုနေတာမလား.."

"တော်စမ်းပါရီပေါ်ရာ..."

"သားကြီးအားဝမ်ကိုပြောစရာရှိလို့လား.."

"ဟုတ်တယ်မား....ကျွန်တော် ရီပေါ်ကိုပြောစရာ
လေးရှိလို့.."

"အေးအေး.ပီးရင်အိပ်ကြတော့ အချိန်မစောတော့
ဘူး...သားငယ်ရော သားကြီးရော   ကောင်းသော
ညပါ.."

"ဝမ်အမ်း မာမား...."

မာမားထွက်သွားတော့မှ...

"ကော...ဘာပြောမလို့လဲ..."

"မင်းမွေးနေ့ပီးရင် ကောတို့ Volunteer ရှိတယ်
လိုက်ခဲ့ပါလားကွာ...ဟိုသုံးယောက်လည်းပါမှာ...လိုပါသေးတယ်...နောက်လလောက်ထဲမှ"

"ဟင်း...မလိုက်ချင်ပါဘူးကောရာ..ပျင်းစရာကြီး
နေမှာ.."

ရှီကောက Devil Smileလေးပြုံးလိုက်ပီး.

JUST ONLY FOR YOU[Zhanyi/Complete]Tempat cerita menjadi hidup. Temukan sekarang