Just Only For You-(15)

17.7K 1.4K 39
                                    

Zawgyi Version

ဆေးလိမ်းပေးမယ်ပြောလို့ မလိမ်းပေးနဲ့ဟုငြင်း
နေသော်လည်း ရီပေါ်မှာ ဆေးခြင်းကိုယူကာမရ
မက ဆေးလိမ်းပေးနေတော့လည်း ကိုကိုက ငြိမ်
နေသည်...လက်ကဒဏ်ရာကတော်တော်ဆိုးသည်
လက်ဆစ်တွေ ပေါက်ပြဲကာ နီရဲနေသည်...
ဆေးထည့်ပေးနေတာမို့ စပ်နေသော်လည်း မအော်
ပဲ ကျိတ်ကာ သည်းခံနေသည်....

"ကိုကို နာနေလား အရမ်း"

"မနာပဲနေမလားဟ .. လူလိုနားမလည်ဘူး
မြန်မြန်လုပ် $လုပ်ကိုရှုပ်နေတာပဲ"

ကိုကိုရယ်...ကိုကို့ကိုဆေးထည့်ပေးနေတာကို
တောင် $လုပ်ရှုပ်တယ်တဲ့လား....

"ကိုကို ဘာလို့ ဝင်ထိုးတာလဲ...ကိုကို့မကောင်း
ကြောင်းပြောတာလည်းမဟုတ်ဖူးလေ.."

ရီပေါ် မျှော်လင့်ချက်ရောင်စဉ်လေးသန်းကာ
မေးလိုက်မိသည်....သို့သော်လည်း ကိုကိုက
တင်းမာသောလေသံနှင့် သူ့ကိုအဖြေပြန်ပေး
သည်က

"မင်းကြောင့်လို့ထင်နေတာလား....ဟက်...အဲ့
လိုထင်နေရင် သွားသေလိုက်!!ငါ့ဘာသာ မကျေ
နပ်လို့ထိုးတာ....လျှောက်တွေးပြီး စိတ်ကူးတွေ
ယဉ်မနေနဲ့ မင်းအတွက်မကောင်းဘူး...."

ရီပေါ်ဘာမှပြန်မပြောဖြစ်ပါ...ကိစ္စမရှိပါဘူး....
ကိုကို စိတ်တိုင်းကျအတိုင်းပဲပေါ့ .. ကျွန်တော်
ကကိစ္စမရှိပါဘူး ကိုကိုအဆင်ပြေမယ်ဆိုအား
လုံးဖြစ်တယ်...ရီပေါ် ကိုကိုလက်က ဒဏ်ရာကို
ပတ်တီးစီးပေးပြီး ရေချိုးခန်းထဲဝင်ဖို့ပြင်လိုက်သည်..
သို့သော် ရှောင်းကျန့်က ရီပေါ်ရှေ့ ပိတ်ရပ်ကာပြော
သည်....

"မနက်ဖြန်ကစပြီး အိမ်မှု ကိစ္စတွေ မင်းတာဝန်
ယူရမယ်.ထမင်းဟင်းလည်းမင်းပဲချက်..မချက်တတ်လည်း တစ်ခါထဲ ကိုယ့်ဘာသာလေ့လာ....မင်းကငါ့မိန်းမမလား...."

ပြောရင်းနှင့်ပင် ရှောင်းကျန့် ခြေလှမ်းတို့က
ရီပေါ်ဆီ တိုးလာသောကြောင့် ရီပေါ်ကလည်း
နောက်ဆုတ်ရင်း နှစ်ယောက်သား ကုတင်ပေါ်
ထပ်လျက်ကျသည်...ဒီအခြေအနေကိုရှောင်း
ကျန့်တမင် ဖန်တီးယူနေတာဖြစ်သည်...

"ကိုကို ကျွန်တော် အိမ်မှုကိစ္စတွေတာဝန်ယူပါ့မယ်
ကျွန်တော် ရေချိုးမလို့ ကျွန်တော့်အပေါ်ကဖယ်
ပေးပါ..."

JUST ONLY FOR YOU[Zhanyi/Complete]Where stories live. Discover now