(Zawgyi Version)
အိပ်မောကျနေတဲ့ ရီပေါ်ကိုသာ ရှောင်းကျန့်
စိုက်ကြည့်နေမိသည် .. နှုတ်ခမ်းလေးက ဖူးငုံနေ
ပြီး ရေလည်းမချိုးရသေးတာမို့ မျက်နှာလေးက
လည်း အနည်းငယ်အဆီပြန်နေသည် .. ပါးလေး
တွေကလည်း မသိမသာ ဖောင်းနေပြီး ကလေး
လေးတစ်ယောက် အိပ်မောကျနေတာနဲ့တူသည်..
ပင်ပန်းနေတာမို့ အိပ်မောကျနေလိုက်တာများ...ရှောင်းကျန့် အချိန်ကိုကြည့်လိုက်တော့ 7နာရီ
ကျော်ပဲရှိသေးတယ် .. ခဏနေရင်နှိုးမှရမယ်..
ညစာစားဖို့အတွက် .... ဒီကောင်လေး ဒီလောက်
ပိန်နေတာ သူအရင်ကဂရုမစိုက်ခဲ့လို့မသိတာဖြစ်
လိမ့်မည် .. ညစာသိပ်မစားပေ .. မနက်စာဆိုလည်း
ကြောင်စာလောက်သာစားသည်...ဟုတ်တိပက်တိ
စားတာဆိုလို့ နေ့လည်စာပဲရှိသည်။ရှောင်းကျန့်နောက်ပိုင်းနည်းနည်းချင်းသတိထားမိ
လာခြင်းဖြစ်သည် .. နောက်ပြီး ဂိမ်းဆော့တာလျှော့
ဖို့လည်းပြောရမည် .. အခုတလော သူနဲ့မကြာခဏ
ဆော့ဖြစ်ပေမယ့် တခြားအားတဲ့အချိန်တွေလည်း
ရီပေါ် ဂိမ်းသာဆော့နေခဲ့သည် .. သူနောက်ပိုင်း ရီပေါ်
ကို မျက်စိဒေါက်ထောက် လိုက်ကြည့်နေမိသည်...နောက်ဆိုရင်အခုလိုကြည့်လို့ရတော့မှာမဟုတ်ဖူး
သူလည်းဘွဲ့ရတော့မယ်မကြာခင်မှာ .. လုပ်ငန်း
ခွင်ဝင်ပြီး အဖေ့လုပ်ငန်းတွေဦးစီးရတော့မယ် ..
ရီပေါ်ကိုတော့ ကျောင်းပဲဆက်တက်စေပြီး အလုပ်
ဘက် အာရုံမစိုက်ဖို့ပြောရမည်...ကျောင်းတက်နေ
တဲ့အချိန်တော့ သူ့ကိုလွတ်လွတ်လပ်လပ်တက်စေ
ချင်သည်...ကိစ္စတော့သိပ်မရှိပါ ဝမ်မိသားစုရဲ့စီးပွားရေးလုပ်
ငန်းတွေကိုဦးစီးမယ့်သူ ရီပေါ်ရဲ့အကိုရှိသေးတာ
ပဲလေ ..."ရီပေါ် ... ထတော့ "
အစကတော့ ရိုးရိုးတန်းတန်းနှိုးမလို့ပဲ သို့သော်
လည်း ကွေးကာအိပ်နေသော ရီပေါ်ကြောင့် ကုန်း
နေသော ဖင်ကလေးကို ရိုက်ကာ နှိုးလိုက်သည်
အသားယူတယ်လို့တော့မထင်စေလို အသည်းယား
ပြီး ရိုက်လိုက်ခြင်းသာဖြစ်သည်...တစ်ချက်ပဲရိုက်
ရသေးတယ် ရီပေါ်က ခေါင်းထောင်ကာနိုးလာပြီ
ဖြစ်သည်...
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)