Unicode version
"ဝမ်းဟောက်ရွှမ်း...ဒီမှာကြည့်သရဲကားမနက်ဖြန်သွားကြည့်ရအောင်..."
"အေးသွားမယ်လေ..ဟိုသုံးယောက်ကရော.."
"သူတို့က မအားကြဘူးတဲ့ မင်းပဲရှိတော့တာလိုက်ခဲ့ပါကွာ..."
မနက်ပိုင်းအတန်းပြီးလို့ ကန်တင်းမှာလာထိုင်နေ
သော ဝမ်ဟောက်ရွှမ်းနဲ့ဝမ်ရိပေါ်....
ဝမ်ဟောက်ရွှမ်းနဲ့ဝမ်ရိပေါ်ကအတန်းအတူတူဖြစ်ပီးဖန်ရှင်းနဲ့ကောချန်ကတစ်တန်းဖြစ်သည်..ရှီကောကလည်းနောက်ဆုံးနှစ်မို့ အတန်းမတူကြပေ...ဝမ်ရိပေါ်တို့ကတော့ ပထမနှစ်ကျောင်းသားတွေဖြစ်သည်...."အော်..မပြောချင်တော့ပါဘူး...ခြေထောက်က
ဒဏ်ရာကိုလည်းကြည့်ဦး..မသက်သာသေးပဲ
ရုပ်ရှင်ကသွားကြည့်ချင်သေးတယ်...""လိုက်မှာလား..မလိုက်ဖူးလားပဲပြော.."
ရုပ်တည်ကြီးနဲ့မေးလာသောဝမ်ရိပေါ်ကြောင့်
ဟောက်ရွှမ်းကြက်သီးပင်ထသွားရတယ်။"အေးပါကွာ..လိုက်မယ်လိုက်မယ်..ရပြီလား.."
ထိုအခါမှဘာမှဆက်မပြောပဲ ထမင်းကိုသာငုံ့စား
နေသည် ..."ရိပေါ်....ရော့..ချောကလက်ဖျော်ရည်.."
ကောင်မလေးတစ်ယောက်ကရိပေါ်တို့ဝိုင်းနားလာကာ ရိပေါ်အားချောကလက်ဖျော်ရည်လာပေးသည်..
"ငါမသောက်ချင်ဘူး..ပြန်ယူသွားလိုက်.."
ဝမ်ရိပေါ်ကတော့ဝမ်ရိပေါ်ပါပဲ...ဝမ်ရိပေါ်မမှား
ထိုကောင်မလေးအမှားသာဖြစ်သည်..ဝမ်ရိပေါ်
အကြောင်းသိရဲ့နဲ့ လူကြားထဲကိုယ့်အရှက်ကိုယ်
လာခွဲနေတာ...ဝမ်ရိပေါ်ဆိုတာ ဘယ်သူဘာပေးပေးအကန်ကြီးငြင်းလွှတ်နေတာ...ခုထိဝမ်ရိပေါ်ကိုအရည်ပျော်အောင်လုပ်နိုင်တဲ့မိန်းကလေးမရှိသေးပေ.....
***********
ရိပေါ်အိမ်ပြန်ရောက်တော့လည်း ထိုအစ်ကိုအကြောင်းသာတွေးနေမိသည် ... အင်း အစ်ကိုလို့ခေါ်ရတာတစ်မျိုးကြီးပဲ .. ကိုကိုဆိုရင်ရော..ဝမ်ရိပေါ်ကိုယ့်ဘာသာကိုယ်
သဘောကျကာ ရယ်လိုက်မိသည်...ထို့နောက်ဖုန်းလေးကိုထုတ်ကာ Wechatမှာ ကိုကို့ကိုရှာဖို့ဆုံးဖြတ်လိုက်သော်လည်း သူမှနာမည်မသိတာ...
ESTÁS LEYENDO
JUST ONLY FOR YOU[Zhanyi/Complete]
Fanficသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)