Just Only For You-(28)

18.3K 1.5K 44
                                    

( Zawgyi Version)

"ရီပေါ် မြန်မြန်လုပ်လေ...သွားရအောင်နောက်ကျနေ
ဦးမယ်.."

"ပြီးပါပီ ကိုကိုရဲ့...လာပြီလာပြီ"

ဒီနေ့က ပြိုင်ပွဲနေ့မို့ ရီပေါ် စိတ်လှုပ်ရှားနေသည်..
ကိုကိုကလည်းလာကြည့်မှာမို့ ပြီးတော့ ကိုကိုနဲ့
တူတူ ပြိုင်ပွဲကိုသွားရမှာမို့ .. ပျော်လည်းပျော်နေမိ
တာဖြစ်သည် ..

ကားပေါ်ရောက်တာနဲ့ ရီပေါ် ခါးပတ်ပတ်လိုက်ပြီး
တဲ့နောက် ကိုကိုက ကားကိုခြံထဲက စတင်ထွက်ခွာ
ကာ ကျောင်းသို့...ကားပေါ်မှာပျင်းတာမို့ ရီပေါ်စကား
စလိုက်တယ်...

"ကိုကို ကျွန်တော့ ကစား တာကိုကြည့်ပြီး ကျွန်
တော့ ကိုအားပေးနေနော်..."

"အေးပါကွ...မင်းကိုလိုက်ပို့ပီး မင်းကိုလိုက်အား
ပေးမလို့ပဲလေကွာ..."

ရီပေါ်ပြုံးရုံသာပြုံးလိုက်တယ်.ဘာဆက်ပြောရမလဲ
သူမသိတော့ဘူး...ထို့နောက်မှာတော့ ကိုကို့ဘက်က
စကားစလာတယ်...

"မင်းက ကစားတာတော်တာပဲကို သိပ်ပြီး စိတ်မပူ
နဲ့လေ...အေးဆေးနိုင်မှာပါ..."

"အင်း ကိုကို...."

"ကျောင်းရောက်လို့ ပွဲမစသေးခင် ကျောင်းရှေ့မှာ
မနက်စာဝင်စားရအောင် အိမ်ကမစားလာတော့ဗိုက်
ဆာနေမှာစိုးလို့..ငါလည်းဗိုက်ဆာနေလို့.."

"အင်း..ကိုကို့သဘောလေ..."

ကျောင်းရှေ့က cafeကိုရောက်တာနဲ့ ကိုကိုက ကား
ကို Parking ထိုးပြီးရပ်လိုက်တယ်...ရီပေါ်ရောကို
ကို  ကားပေါ်ကဆင်းကာ Cafe ထဲဝင်ပြီး မနက်စာ
စားရင်း စကားတွေပြောဖြစ်ကြတယ်...

ပြိုင်ပွဲချိန်ကနီးလာတာမို့ ဟောက်ရွှမ်းဆီကဖုန်းဝင်
လာသည်...

"အင်းးးးး"

"မြန်မြန်လာတော့ ပွဲစတော့မယ်..."

"အင်းပါကွာ..လာပြီ လာပြီ"

ဟောက်ရွှမ်းဆီက ဖုန်းချလိုက်တာနဲ့ ကိုကိုက
ပိုက်ဆံရှင်းဖို့လုပ်သည်...

"ကိုကို ကျွန်တော် ရှင်းလိုက်မယ်"

"နေပါ ငါရှင်းမယ်"

JUST ONLY FOR YOU[Zhanyi/Complete]Donde viven las historias. Descúbrelo ahora