( Zawgyi Version)
"ရီပေါ်...အေးတယ် .. လေတွေလည်း အရမ်းတိုက်
နေတာ ... အခန်းထဲ ပြန်ကြရအောင်"ရီပေါ် ထိုင်နေရာမှထလိုက်ပီး ကိုကို့လက်ကိုတွဲကာ
လိုက်ခဲ့လိုက်တော့သည်.."ကိုကို ကျွန်တော် အရမ်းအိပ်ချင်နေလို့ .. ဒီနေ့တော့"
ရီပေါ်ရဲ့စကားအသွားအလာကိုရှောင်းကျန့်သဘော
ပေါက်သည်.ဒီနေ့တော့ သူ့ကိုအလွတ်ပေးဖို့တောင်း
ဆိုနေခြင်းဖြစ်သည်..ရီပေါ်က သနားကမားမျက်နှာ
လေးနှင့်တောင်းဆိုလာတာမို့ရယ်လည်းရယ်ချင်သလို
စိတ်တော့မကောင်းဖြစ်မိသည်...သူ့နေ့တိုင်းအနားမပေး
ခဲ့တော့ ဒီကောင်လေးတော်တော်ပင်ပန်းနေမှာကျိန်းသေ
ပင်..ဒီနေ့တော့ သူဘာမှမလုပ်တော့ဖို့ဆုံးဖြတ်လိုက်သည်"အင်းပါ...အိပ်တော့ ..ငါဘာမှမလုပ်ဖူး ဟုတ်ပြီလား"
"အင်းကျေးဇူးပဲကိုကို"
ကျေးဇူးတင်စရာမဟုတ်တာကိုကျေးဇူးတင်နေပြန်
သည်....တကယ်ဆို ဝမ်ရီပေါ်လည်း သူ့လိုယောက်ျား
တစ်ယောက်ပဲ ဒါပေမယ့် သူ့ကိုချစ်လို့ ရီပေါ်က သူ
အကုန်အနစ်နာခံတယ်ဆိုတာ သိသည် .. ထိုသို့တွေး
လိုက်မိတိုင်းလည်း မိမိကို အဲ့လိုချစ်ပေးပြီး အမြဲ
လျှော့ပေး အနစ်နာခံတဲ့သူရှိတယ်ဆိုတော့ ကြည်နူး
ရသည်....သူ့ကိုတန်ဖိုးထားတယ်ဆိုတဲ့အသိက စိတ်ကိုကြည်
နူးစေတာလား...ဝမ်းသာတာလားမသိပေမယ့်.......
lingတုန်းကတော့ သူ့အချစ်ကိုတန်ဖိုးမထားခဲ့ဘူးလေရှောင်းကျန့် တွေးရင်း တွေးရင်း ကြည်နူးလာသလို
ရီပေါ်ကိုချစ်တဲ့စိတ်က ပိုမိုစိုးမိုးလာခဲ့သည်...ပင်လယ်
ကြီးကို ငေးကြည့်လိုက် ရီပေါ်ကို ကြည့်လိုက်နှင့်
ရှောင်းကျန့်အလုပ်များနေသည်....ညည့်နက်သည်
အထိ ရီပေါ်ဘေးနား မှာဝင်လှဲနေမိတာ ခုထိတော့
အိပ်လို့မရသေးပေ....************
"ဝမ်ရီပေါ်! အဝေးကြီးမသွားနဲ့စမ်း ပြန်လာခဲ့..."
ဝမ်ရီပေါ်က ကမ်းစပ်နဲ့ ခပ်လှမ်းလှမ်းကို ကူးသွား
တာမို့ရှောင်းကျန့်စိတ်ပူကာ လှမ်းအော်လိုက်သော်
လည်း ရီပေါ်ကတော့ တဟီးဟီးနှင့်ရှောင်းကျန့်ကို
လှမ်းစနေသည်...
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)