(Zawgyi Version)
ရှောင်းကျန့်နောက်ဆုံးမှာတော့ အိမ်သာထဲဝင်ကာ
ကိုယ့်ကိစ္စကိုယ်ဖြေရှင်းလိုက်ရတော့သည်..မတက်
နိုင်ပါ အခုချိန်မှာ ရီပေါ်ခွင့်မပြုပဲနိုင့်ထက်စီးနင်းမ
လုပ်ချင်တော့ပါ။ပြီးတော့ရီပေါ်နေမကောင်းသေး
တာလည်းသူသိသည်။ဘယ်လောက်ပဲဆန္ဒတွေပြင်း
ပြနေပါစေ ရီပေါ်မကြည်ဖြူပဲသူဘာမှရယူမည်မဟုတ်
ရီပေါ်ကိုမပင်ပန်းစေချင်တော့ပါ။"ကိုကို အိမ်သာဝင်သွားတာကြာလိုက်တာ.."
အိမ်သာထဲတွင်ကြာနေသည့်အကြောင်းကိုထည့်
မပြောလိုတော့တာကြောင့် စကားလမ်းကြောင်း
လွှဲလိုက်မိတော့သည်.."ရီပေါ် .. ဆေးရုံဆင်းချင်နေပြီမလား .. လမ်း
ကောင်းကောင်းပြန်လျှောက်နိုင်တာနဲ့ ကိုကိုတို့
ဆေးရုံဆင်းကြမယ်ဟုတ်ပြီလား..""ဟုတ်..."
"အိပ်တော့ ပင်ပန်းနေပြီမလားး.."
"ကိုကိုလည်း လာအိပ်လေ.."
"ဟုတ်ပါပြီကွာ....."
ရှောင်းကျန့် ရီပေါ်ဘေးနားတွင်နေရာယူကာ ဝင်အိပ်
လိုက်တော့ ရီပေါ်က ရင်ခွင်ထဲတိုးဝင်လာသည်။
ရှောင်းကျန့်သိသားပဲ ဒီကောင်လေး ဒီယုန်မြင်လို့
ဒီဲခြုံထွင်တယ်ဆိုတာ။ သို့ပေမယ့်လည်း ပြုံရုံသာ
ပြုံးပြီး ရီပေါ်ကို ရင်ခွင်ထဲဆွဲထည့်လိုက်တော့တယ်************
ရီပေါ်လည်း သက်သာနေပြီမို့ ဆေးရုံဆင်းလာပြီ
ဖြစ်သည်..."ကိုကို ဘယ်ကိုသွားနေတာလဲ...အိမ်ပြန်တဲ့လမ်း
ကျွန်တော်မှတ်မိပါသေးတယ် ဒီလမ်းမဟုတ်ပါဘူး""ရီပေါ် ... ခဏအိပ်ချင်အိပ်လေ ကိုကိုက ခု အိမ်ပြန်
နေတာမဟုတ်ဖူး တစ်နေရာကိုသွားနေတာ ရောက်ဖို့
လိုသေးတယ် ရောက်ရင် ကိုကိုနှိုးမယ်လေ..""ရတယ်..ကိုကို မအိပ်တော့ဘူး ကိုကို့ကိုပဲထိုင်ကြည့်
နေတော့မယ်...""သဘောပါဗျာ...."
ရီပေါ်ကတော့ တစ်ဟီးဟီးနှင့် အူမြူးနေသည်..
နေပါဦး သူအခုဘယ်ကိုသွားနေလဲဆိုတာ ဒီကောင်
လေးဘာလို့မမေးတာလဲ သူ့ကိုမဟုတ်တဲ့နေရာ
ခေါ်သွားမှာ မစိုးရိမ်ဘူးလားမသိ။စချင်လာတာနဲ့
ရှောင်းကျန့် စကားစတော့သည်။
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)