( Zawgyi Version)
အချိန်တွေကုန်ဆုံးလာပီးနောက် ရှောင်းကျန့်ရီပေါ်
ကိုချစ်မိနေတာ သေချာလာတယ် .. ဒါပေမယ့်သူ
ဖွင့်မပြောရသေးဘူး .. ချက်ချင်းဖွင့်ပြောလိုက်ရင်
မလေးနက်သွားမှာလည်းစိုးရိမ်မိတယ်...သို့ပေမယ့် မကြာခင် ချစ်သူများနေ့လာတော့မှာမို့
ထိုနေ့က ရီပေါ်ကို ချစ်ကြောင်းပြောဖို့အသင့်တော်
ဆုံးနေ့ သူနဲ့ရီပေါ် နောက်ပိုင်းအရမ်းကိုအဆင်ပြေ
သည်...တစ်ခါတစ်လေ သူကန့်လန့်တိုက်ပြောမိတာ
တွေ အနိုင်ကျင့်မိတာတွေရှိသော်လည်း ရီပေါ်ကသာ
အလျှော့ပေးလေ့ရှိသည်...ဒီနေ့ကတော့ သူတို့ ကျောင်းသားအနည်းစု စုကာ
အပန်းဖြေခရီးလေးထွက်ကြခြင်းဖြစ်သည်...
ရီပေါ်သူငယ်ချင်းတွေပါသည်..ရီပေါ်ရဲ့အကိုနဲ့သူ့
ဇနီးလည်းပါသည်..ရှောင်းကျန့်သူငယ်ချင်းနည်း
နည်းလည်းပါသည် ..ထွက်လာတဲ့နေရာက ပင်လယ်ကမ်းခြေလေးတစ်ခု
သာဖြစ်သည် .. mini busကလေးနှင့် စုရုံးပြီးလာ
ကြတာမို့ ပျော်ဖို့အရမ်းကောင်းနေသည်...ရီပေါ်က
တော့ မှန်ကိုမှီကာ အိပ်ပျော်နေသည် သူ့ဘေးကရှောင်း
ကျန့် ကတော့ရီပေါ်ကိုကြည့်နေမိသည်...သူနောက်ပိုင်း ပို ပို သေချာလာတယ်...ဒီကောင်လေး
ကိုမြတ်မြတ်နိုးနိုးနဲ့ချစ်မိနေပြီဆိုတာကို အဆုံးရှူံးမခံ
နိုင်တော့တဲ့အထိ .. ဒါပေမယ့်လည်း တစ်ခါတစ်လေ
သူ့အပေါ် အနိုင်ယူနေမိတုန်း .. သူကပဲ အလျှော့ပေး
လွန်းတာကြောင့်ပဲလားမသိ ..နောက်တော့ မှန်ပေါ်မှီအိပ်နေတဲ့ရီပေါ်ခေါင်းလေးကို
အသာလေးကိုင်ကာ သူ့ပုခုံးပေါ်ကိုမှီပြီးအိပ်စေလိုက်
တယ်...လှုပ်သွားတာကြောင့် အိပ်ပျော်နေရာကနိုးမ
လာပေမယ့် ကလေးတစ်ယောက်လို ပါးစပ်က ပကျွတ်
ပကျွတ် လုပ်ကာ ပြန်အိပ်ပျော်သွားတာကြောင့်
ရှောင်းကျန့်သဘောတကျရယ်လိုက်မိသည်....ရှောင်းကျန့်နဲ့ရီပေါ်ကနှစ်ယောက်တူတူထိုင်ပြီး..
လျှောက်လမ်းတစ်ဖက်က ဘေးကပ်ရပ်တွင်တော့
ကောချန်နှင့်ဖန်ရှင်းက ထိုင်နေပါ၏ .. ကောချန်ရော
ဖန်ရှင်းရော ရှောင်းကျန့်အပြုအမူတွေကို တအံ့တဩ
လိုက်ကြည့်နေမိသည်...
ESTÁS LEYENDO
JUST ONLY FOR YOU[Zhanyi/Complete]
Fanficသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)