Zawgyi Version
ရီပေါ်နဲ့ရှောင်းကျန့်တို့ ဟန်းနီးမွန်းထွက်လာတဲ့နေ
ရာသည် Sanya က Phoenix Island ဖြစ်သည်..
ကမ်းခြေတစ်လျှောက်အလွန်လှပပီး ကြီးမားခမ်း
နားသော ဟိုတယ်ကြီးများစွာလည်းရှိသည် ..သို့
သော် ဝမ်အိမ်တော်ကပိုင်ဆိုင်သော အပန်းဖြေအိမ်
ရှိတာမို့ ဟိုတယ်တွင်မတည်းတော့ပဲ အပန်းဖြေအိမ်
တွင်သာတည်းဖို့ စီစဉ်ထားပြီးသားဖြစ်သည်....အပန်းဖြေအိမ်သို့ရောက်သည့်အခါမှာတော့
ခြံစောင့်ဟုထင်ရသည့်ဦးလေးကြီးက တံခါးလာ
ဖွင့်ပေးသည်....ကားကို အထဲမှာရပ်ပြီးတာနှင့်
ရှောင်းကျန့်က ကားတံခါးကို အကြမ်းပတမ်း
ဖွင့်ကာ ဆင်းသွားသည် ရီပေါ်လည်း နောက်မှ
လိုက်ဆင်းလိုက်သည်...အိမ်ထဲရောက်တော့ အိမ်အကူ အန်တီကြီးနှင့်
တခြား အစေခံကောင်မလေးတွေက နေရမည့်
အခန်းသို့ အဝတ်အစားတွေ သယ်ပေးကာ လိုက်
ပြသည်....ဒီအိမ်ကို ဝမ်ရီပေါ်တစ်ခါရောက်ဖူးပါသည်....
သူငယ်ငယ်က တီလေးတို့နှင့်လိုက်လာတုန်းက
အရမ်းဆော့လွန်းလို့ လှေကားကတောင်ချော်ကျ
ခဲ့ဖူးတာ သူမှတ်မိသေးသည်...ထိုအခ်ျိန်ကသူသည်
အရမ်းငယ်သေးတဲ့အရွယ်ဖြစ်သည်...မထင်ခဲ့ပါ
ဒီအိမ်ကို သူနဲ့ သူချစ်ရတဲ့သူလက်ထပ်ပြီး
Honeymoonထွက်လာတဲ့အိမ်လေးဖြစ်လိမ့်
မယ်လို့...ဘာပဲဖြစ်ဖြစ် ရီပေါ်အခုခံစားမိတာက ကိုကို့ရဲ့
ဒေါသ အငွေ့တွေသာဖြစ်သည် .. ကိုကိုသည်
သူ့နဲ့တူတူရှိနေတဲ့အချိန်တိုင်း စိတ်အလိုကျတယ်
ဆိုတာမရှိ ပြုံးရယ်တယ်ဆိုတာလည်းမရှိသလို
အမြဲတမ်း သူ့အပေါ် စိတ်ပဲတိုနေခဲ့သည် .."ကိုကို ရေမချိုးသေးရင် ရီပေါ်အရင်ချိုးမယ်နော်"
ထုံးစံအတိုင်းကိုကိုသည် သူ့အားဘာစကားတစ်
ခွန်းမှပြန်မပြောပါ...ရီပေါ်လည်း ခရီးဆောင်အိတ်
ထဲက ညအိပ်ဝတ်စုံလေးကိုထုတ်ပြီး ကုတင်ပေါ်
တင်ထားလိုက်သည်....ထို့နောက် ရေချိုးရန် ရေ
ချိုးခန်းထဲသို့ဝင်သွားလိုက်သည်...ရီပေါ် ရေချိုးပြီး Bathrobe လေးဝတ်ကာ ရေချိုး
ခန်းထဲကထွက်လာခ်ျိန်တွင် ကိုကိုသည် ရေချိုးပြီး
သွားတဲ့ပုံပင် ဆံပင်မှာရေတွေစိုနေကာ Bathrobe
ကိုလည်းဝတ်ထားသေးသည် .. ကြည့်ရတာ သူ့ကို
မစောင့်နိုင်လို့ တခြားအခန်းက ရေချိုးခန်းမှာသွား
ချိုးတဲ့ပုံပင် ..
ESTÁS LEYENDO
JUST ONLY FOR YOU[Zhanyi/Complete]
Fanficသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)