(Zawgyi Version )
ရီပေါ် ပန်းတွေထဲ အကြိုက်ဆုံးမှာ tulip ပန်း
သာဖြစ်သည်...ချစ်သူများနေ့ဖြစ်တာမို့ ကိုကို့ကို
tulipပန်းစည်းလေးပေးမည် စိတ်ကူးလေးနဲ့ပန်း
ဆိုင်ကလေးထဲ သွက်သွက်ကလေးဝင်ခဲ့လိုက်သည်.
ညကျရင် ကိုကိုနဲ့ တူတူdinnerစားဖို့ရှိတယ်.ကို
ကိုစီစဉ်ပေးတဲ့ dinnerပွဲလေးပေါ့ သူတို့နှစ်ယောက်
ထဲ .. အတွေးထဲပျော်ရွှင်မှုက ဖုံးမရဖိမရနိုင်
သူဒီကနေပန်းကလေးဝယ်ပြီးတာနှင့် ကိုကို့ဆီတန်း
သွားမည်...ကိုကိုစောင့်နေတော့မည်မလား....ယောက်ျားလေးတစ်ယောက်ကို ပန်းပေးတာတစ်မျိုး
ကြီးဖြစ်နေနိုင်သောလည်း သူသဘောကျတယ် ပန်းလေး
တွေက နူးညံ့ခြင်းသဘောကိုဆောင်တယ်လေ..."မောင်လေး .. ဘာပန်းလိုချင်လဲ.."
"အမ ကျတော့ကို tulipပန်းလေး ပါဆယ်
ထုပ်ပေးလို့ရမလား .. လှလှလေးနော်..""ချစ်သူကိုပေးမလို့မလားမောင်လေး..စိတ်ချ
အမ အလှဆုံးဖြစ်အောင်ထုပ်ပေးလိုက်မယ်
ဟုတ်ပီလား...""ကျေးဇူးပါ..."
**************
ရှောင်းကျန့်ရီပေါ်ကို ဟိုတယ်တစ်ခု၏အခန်းထဲ
ထိုင်စောင့်နေသည်..အခန်းအပြင်အဆင်မှာလည်း
အပြာရောင်အငွေ့အသက်တွေလွှမ်းခြုံလျက်..
အမှန်ဆို မင်္ဂလာပွဲတုန်းကပုံလေးတွေနှင့် အလှဆင်
ချင်မိသည်...သို့သော် ထိုအချိန်က မင်္ဂလာပွဲကို
မလုပ်ချင်ခဲ့တဲ့သူက pre-wedding photoshoot မှာ အပြုံးအရယ်လို့မရှိခဲ့..ထို
ပုံတွေကိုချိတ်ဆွဲရင် ဝမ်ရီပေါ်ရဲ့ ဒဏ်ရာဟောင်း
တွေကို ဆွသလိုဖြစ်သွားမှာစိုးတယ် .. သူ
ရီပေါ်ကို နည်းနည်းလေးတောင် မနာကျင်စေချင်
တော့ဘူး..ရှောင်းကျန့် လက်ထဲက လက်စွပ်ဘူးကလေးကို
ဖွင့်ကြည့်မိလိုက်သည်...ရီပေါ်ကိုသူကိုယ်တိုင်
ဝတ်ပေးမည်...ပြီးတော့ နောက်ထပ် handchain
လေးတစ်ခု .. ရီပေါ်အတွက် ချစ်သူများနေ့အမှတ်
တရလက်ဆောင်လေးပေါ့ .. wxyzဆိုတဲ့စာလေး
နဲ့ ရွှေဖြူ လက်ပတ်ကြိုးကလေး...နာရီကိုတစ်ချက်ကြည့်ပြီးပြုံးလိုက်မိတယ်..ခဏ
နေရင်လာတော့မှာပဲ..သို့သော် သူ့ဆီကိုဖုန်းနံပါတ် ခပ်စိမ်းစိမ်းတစ်လုံး
ဝင်လာသည်...
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)