Just Only For You-(25)

21.1K 1.7K 163
                                    

(Zawgyi Version)

မနက်ခင်းကို နာကျင်မှုနဲ့ အတူနိုးလာခဲ့တယ်..
မျက်လုံးကို အားယူကာ ဖွင့်ပီး ဘေးဘီကိုကြည့်
တော့ ကိုကိုရှိမနေပါ...ခန်းစီးလိုက်ကာတွေ
ဖွင့်ပေးသွားတာမို့ နေရောင်က အဝတ်အစားမပါ
တဲ့ ရီပေါ်ရဲ့ ဖြူစွတ်စွတ်အသားအရေပေါ်ကိုကျ
ရောက်နေတယ်....

ရီပေါ်အိပ်ယာကိုကြည့်လိုက်တော့သွေးကွက်
တွေ...သူဒီနေ့ ကျောင်းဘယ်လိုသွားရပါ့မလဲ..
ခါးရိုးထဲက တဆစ်ဆစ်နှင့် နာကျင်မှုက ဖော်ပြ
လို့မရ..ဒီနေ့တစ်ရက်တော့ ခွင့်ယူဖို့ပဲရှိတော့သည်
မို့ စားပွဲခုံပေါ်က ဖုန်းကိုယူပြီး ကိုကို့ဖုန်းနံပါတ်
လေးကိုနှိပ်လိုက်သည်.....

*Ring....Ring....Ring*

ဟင်..ကိုကို ဖုန်းကျန်ခဲ့တာလား...ထိုအခါမှ
ရှောင်းကျန့်ကအခန်းထဲဝင်လာပြီး..သူ့ဖုန်းကို
ယူကြည့်တယ်...

"ကိုကို ကျွန်တော်ခေါ်တာ...ခွင့်တင်ခိုင်းမလို့
ကိုကို ကျောင်းမသွားဖူးလား..."

"မသွားဘူး..ဒီနေ့ မင်းနဲ့နေပေးမယ်...ညက sorry
ငါမူးသွားတယ်...မင်းကျောင်းမသွားနိုင်လောက်ဖူး
ထင်လို့ ခွင့်လည်းတင်ပေးပြီးပြီ...ဆေးလည်းဝယ်
ပေးထားတယ် ရေတော့ကိုယ့်ဘာကိုယ်ချိုး..ပြီးရင်
စားဖို့ စီစဉ်ပေးမယ်...ပီးရင်ဆေးသောက်"

ရီပေါ်ကိုမှာတမ်းခြွေနေသည့်ကိုကိုက မျက်နှာက
ရှက်နေသယောင် စကားပြောတာကလည်း ရှက်
ကိုးရှက်ကန်းဖြစ်နေသလို..ရီပေါ်လည်းရှက်တာ
ပေါ့...အခုသူ့ခန္ဓာကိုယ်မှာ စောင်တစ်ထည်ပဲရှိတာ..
မတက်နိုင်ဘူး..စောင်ကြီးပတ်ပြီး ရေချိုးခန်းထဲ
ဝင်ဖို့ပဲရှိသည်....ကိုကိုကလည်း အခန်းထဲကမထွက်
တာကြောင့်

ရီပေါ် စောင်ကိုပတ်လျက်နှင့် ကုတင်ပေါ်ကထပြီး
ရေချိုးခန်းထဲသွားမည်အလုပ်..စောင်နှင့်လုံးပြီး.
ခါးနာနေတာကြောင့်ရော အရှိန်မထိန်းနိုင်ဖြစ်ကာ
ကြမ်းပြင်ပေါ်သို့ပစ်လဲသည်....အီစိမ့်သွားတာပဲ..
နာနေတဲ့ခါးက ကျိုးသွားပြီလားဟုပင် ထင်ရအောင်

အခု ဝမ်ရီပေါ်ပုံစံကဟာသကြီးဖြစ်နေလို့လားမသိ
ကိုကိုက ရယ်သည်...ဟုတ်လည်းဟုတ်တာပဲ စောင်
ကြီးပတ်လျက်နှင့် ဘုန်းခနဲပြုတ်ကျတာ ရယ်ချင်စ
ရာကြီးဖြစ်နေမှာပေါ့..ဒါပေမယ့် မရယ်ရဘူး ကိုကို
ရ ကျွန်တော့ ခါးလေးကျိုးပြီထင်ပါရဲ့....

JUST ONLY FOR YOU[Zhanyi/Complete]Where stories live. Discover now