Zawgyi version
"အန်တီ့သားနဲ့လမ်းခွဲပေးပါသမီး.."
Lingတကယ်ကိုစိတ်ညစ်နေမိသည်..စုန်ကျိရန်
ကသူ့ကိုလမ်းခွဲသွားတာမှမကြာသေး..အခုရှောင်း
ကျန့်အမေကပါ သူ့ကိုလမ်းခွဲပေးဖို့ပြောနေပီ..."သမီး အဖေ ဆေးရုံတတ်နေရတယ်လို့ကြားတယ်
အန်တီအကုန်တာဝန်ယူပေးမယ်..သမီးအတွက်
လည်းအန်တီရသင့်တာကိုပေးမယ်...အန်တီ့သား
နဲ့တော့လမ်းခွဲပေးပါ..သူ့မှာလက်ထပ်ရမယ့်သူရှိ
ပြီးသားမို့...သူ့အဖေစကားကိုလည်းသူငြင်းလို့ရ
မှာမဟုတ်ဖူး..ဒါကြောင့် သမီးကပဲနောက်ဆုတ်ပေး
ပါ...""ကျွန်မကိုဘယ်လိုထင်နေတာလဲ အန်တီ.."
"ဒါဆို အန်တီပွင့်ပွင့်လင်းလင်းပဲပြောမယ်
အန်တီသမီးကိုသဘောမကျဘူး...သဘောမကျ
ဘူးဆိုတာ အန်တီ့သားရဲ့အိမ်ထောင်ဖက်အဖြစ်
အန်တီစကားကိုနှစ်ခါမပြောချင်ဘူးသမီး သမီး
ရွေးချယ်ပါ...သမီးအဖေရဲ့အသက်ကိုမကယ်
ချင်ဘူးလား...""ကျွန်မ..."
"..............."
"ကျွန်မကို အချိန်တစ်လလောက်ပေးပါဦး
ရှောင်းကျန့်နဲ့ချက်ချင်းကြီး လမ်းခွဲဖို့ကကျ..."ရှောင်းကျန့်မာမားကတော့ တစ်လဆိုတာခဏလေး
ပဲဆိုပီးလိုက်လျောပေးလိုက်သည်... Lingရဲ့ကောက်
ကျစ်တဲ့အတွေးကိုတော့ဖြင့်မသိနိုင်ခဲ့..."ကောင်းပီလေ..တစ်လပြည့်တာနဲ့အန်တီ့သား
အနားကထွက်သွားပေးပါ...အန်တီပိုက်ဆံကိစ္စ
ကိုလည်းအဲ့ကျမှဆက်ပြောမယ်...."ရှောင်းကျန့်မာမားထွက်သွားသည့်တိုင်
Lingငူငူငိုင်ငိုင်ကြီးကျန်ခဲ့သည်...
ဒီမိန်းမကြီးက တကယ် ငွေစကားပြောတာပဲ
ငွေဆိုရင်မကြိုက်တဲ့သူရယ်တော့မရှိ....သူပေးတဲ့ငွေအစား ရှောင်းကျန့်ကိုရရင်
တစ်သက်စားမကုန်တဲ့အမွေတွေရမှာကို
သိပေမယ့်လည်း ဖေဖေ့အသက်ကြောင့်
ရှောင်းအိမ်တော်ကိုတော့ ကလန်ကဆန်
မလုပ်ရဲပါ....ဒါပေမယ့် ရှင်ပြန်ပေးဆပ်ရမယ်အန်တီ
ကျွန်မသိက္ခာကိုရှင့်ပါးစပ်ထဲရှိသလိုပြော
သွားတဲ့အတွက် ရှင့်သားကိုကျွန်မဘာလုပ်
ပြမလဲစောင့်ကြည့်နေလိုက်.....
VOCÊ ESTÁ LENDO
JUST ONLY FOR YOU[Zhanyi/Complete]
Fanficသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)