Just Only For You-(37)

19.7K 1.5K 71
                                    

( Zawgyi Version)

ရီပေါ်တစ်ယောက်ထဲသာသီးသန့်နေရသောဆေးရုံ
VIPအခန်းထဲ ရီပေါ်က ပြတင်းပေါက်လေးကို
ကြည့်ကာ လေညှင်းခံနေတယ် .. ကိုကိုက သူ့
အတွက် စားချင်တာ သွားဝယ်ပေးတာမို့ သူတစ်
ယောက်ထဲ ပျင်းလှသည်လေ...

တံခါးဖွင့်သံကြားတာကြောင့် လှည့်ကြည့်မိတော့
ကိုကို .. ကိုကိုလည်း သူသတိရလာကတည်း
က အလုပ်တွေကို ပစ်ထားကာ သူနဲ့ တစ်နေကုန်
နေပေးသည် .. ကိုကိုလည်းပင်ပန်းနေတော့မည်
ကိုကိုက အိမ်တောင်မပြန် ညဘက်ဆိုလည်းသူ့ကို
စောင့်ပြီးအိပ်ပေးသည် .. ရီပေါ်ဆေးရုံမြန်မြန်
ဆင်းချင်လှပါပြီ .. စစ်ဆေးမှုတွေထပ်လုပ်ရဦး
မှာမို့ တစ်ရက်လောက်တော့ ထပ်သည်းခံကာဆေး
ရုံမှာနေရဦးမည် .. ရီပေါ်ပြီးတော့ လမ်းသိပ်မ
လျှောက်နိုင်သေးဘူး .. တစ်နှစ်လောက် အိပ်
ယာထဲ ပဲလှဲနေခဲ့ရတော့ လမ်းလျှောက်ဖို့ကိုသိပ်
မစွမ်းသာသေးဘူး ..

"ရီပေါ် .. လေအေးတွေတိုက်နေတယ် ဖျားမယ်
လေကွာ.."

ရှောင်းကျန့်က မုန့်ထုပ်တွေကို စားပွဲပေါ်တင်ကာ
ပြတင်းပေါက်ကို အသည်းအသန်လာပိတ်ပီး
wheel chairကိုကုတင်နားပြန်တွန်းသွားကာ
ရီပေါ်ကို ကုတင်ပေါ်ပြန်တင်ပေးသည် ..

"ကိုကိုစကားနားထောင်စမ်း!မဆိုးစမ်းနဲ့ ရီပေါ် ..
နေကောင်းတာမှမကြာသေးဘူး .. ပြန်ဖျားနေရင်
ဘယ်နှယ့်လုပ်မလဲ!!"

ကရုဏာဒေါသော နဲ့အော်လိုက်တာမို့ ရီပေါ်မျက်
နှာလေး မှိုင်သွားတော့ ရှောင်းကျန့်စိတ်တော့မ
ကောင်းချေ သူလည်းမအော်ချင်ပါဘူး .. ဒါပေ
မယ့် ရီပေါ်ထပ်ပီးနေမကောင်းဖြစ်မှာမကြည့်ရက်
ဘူး....

"ကဲ...ကိုကိုတောင်းပန်တယ်ကွာ..ညကျရင်
ကိုကို ဆေးရုံခေါင်မိုးထပ်လိုက်ပို့ပေးမယ် ..
အနွေးထည်ထူထူလေးဝတ်ပြီး သွားမယ် ဟုတ်ပီ
လား .. အခု ကိုကိုဝယ်လာတာလေး စားလိုက်
နော်.."

"ကျွန်တော် လမ်းလျှောက်လို့မရသေးဘူးလား"

ရှောင်ကျန့် သက်ပြင်းချမိသည် ..

"နည်းနည်း အလေ့အကျင့် လုပ်ပြီးရင်လျှောက်
လို့ရပါပီကွာ ... ဘာမှမဖြစ်ဖူး စိတ်မပူနဲ့နော်"

JUST ONLY FOR YOU[Zhanyi/Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ