Just Only For You-(14)

17K 1.5K 53
                                    

Zawgyi Version

"မင်းတို့က ဘာစောက်ဆင့်နဲ့ ပြောရဲတာလဲပြောစမ်း"

ရှောင်းကျန့်စိတ်တိုနေမိသည်....သူများအိမ်ထောင်
ရေးက သူတို့ဝေဖန်ရမယ့်အရာမဟုတ်ဖူး.

"တောက် ခွေးမသား!!!သေစမ်းးး."

ဝမ်ဟောက်ရွှမ်းမှာလည်း နဂိုတည်းက စိတ်က
လက်တစ်ဆစ်ရယ်... ခပ်ဆိုးဆိုးကောင်ကလေး
မို့ ထိုကျောင်းသားကို ထပ်ခါ ထပ်ခါ
ထိုးနေမိတော့သည်...ရီပေါ်မှာတော့ ရှောင်းကျန့်
ကို မနည်းဆွဲနေရသည်..

"ဝမ်ရီပေါ်...မင်းငါ့ကို လာမတားနဲ့ .. ဒီေ-ာက်သူ
တောင်းစားတွေက မင်းကိုပြောနေတာ မင်းကမ
နာတဲ့အပြင် ငါ့ကိုပါ လာတားနေတယ်ပေါ့...."

"ကိုကိုတော်တော့နော်...ကျွန်တော်ပြောတာနား
ထောင်..."

"မင်းစကားငါက ဘာလို့နားထောင်ရမှာလဲ...
ဖယ်စမ်းးး"

*အ့*

ရီပေါ်မှာ ရှောင်းကျန့်၏ စောင့်တွန်းမှုကြောင့်
ဘေးသို့လဲကျသွားသော်လည်း ပြန်ထကာ
ရှောင်းကျန့်ကို ဆွဲနေပြန်သည်...

ဟောက်ရွှမ်းလက်ထဲတွင် ထိုးခံနေရသောကျောင်း
သားလေးက ပိုသနားစရာကောင်းသည်..သူ့ကိုအား
ရပါးရထိုးနေသော ဝမ်ဟောက်ရွှမ်းကိုကျ ဘယ်သူ
မှမတားဘူး...ဝမ်ရီပေါ်ကလည်း ရှောင်းကျန့်ကိုပဲ
ဆွဲနေသည်.....

မင်းလင်ကိုပဲဆွဲမနေနဲ့ မင်းသူငယ်ချင်းကိုလည်း
ဆွဲပါဦး ဝမ်ရီပေါ်ရေ ငါတောင်းပန်ပါတယ် ငါမှား
ပါတယ်...ဝမ်သခင်လေးရယ်....

ွအိမ်သာထဲကကျောင်းသားတွေလည်းမရှိ
ကြတော့ ပြေးထွက်သွားကုန်ကြပြီ

"တော်ကြစမ်းးးး!!ဒါဘာတွေဖြစ်နေကြတာလဲ!!"

ရှောင်းကျန့်မှာထိုကောင်ကိုလွှတ်ပေးလိုက်သော်
လည်း ဝမ်ဟောက်ရွှမ်းမှာတော့ အရှိန်မသေသေး
ပဲ ကျောင်းအုပ်ရှေ့မှာတင် ထိုကျောင်းသားကိုခြေ
ထောက်နှင့်ထပ်ကန်လိုက်သေးသည်.....

"အကုန်လုံး ရုံးခန်းထဲလိုက်ခဲ့ကြ"

***************

"ကျွန်တော် တောင်းပန်ပါတယ် နောက်မဖြစ်စေ
ရဘူးလို့ အာမခံပါတယ်...."

JUST ONLY FOR YOU[Zhanyi/Complete]Where stories live. Discover now