Just Only For You-(6)

17.7K 1.7K 96
                                    

Zawgyi version

"ဟက်..ခေါ်တာကလည်းကိုကိုတဲ့...သိသာလိုက်
တာ သူများရည်းစားကိုကြောင်တောင်နှိုက်ချင်
နေမှန်း.."

"Ling!!သူများသားသမီးကိုအဲ့လိုတော့မပြောပါ
နဲ့ကွာ...သူကကိုယ့်ကိုအကိုတစ်ယောက်လိုခင်
တွယ်နေတာပါ..."

"အော်..နင်ကပါ သူ့အတွက်နဲ့ငါ့ကိုအော်နေပီပေါ့.."

"Lingရာ..မဟုတ်တာတွေလျှောက်မတွေးစမ်းနဲ့
ရီပေါ်ကကိုယ့်ထက်ငယ်တာပဲ..ကိုကိုလ်ို့ခေါ်တာ
မဆန်းးဘူးလေ."

"အေးပေါ့ ဘယ်ဆန်းမလဲ ခေါ်နေကျတော့ နင်ကပါ
နားယဉ်သွားတာဖြစ်မှာပေါ့.."

"Lingမင်းငါ့ကိုယ့်ကျင့်တရားကိုမစော်ကားနဲ့.."

***Ring Ring Ring***(Ling's Phone ringtone)
ဖုန်းဝင်လာတာမို့ Lingကဖုန်းကိုကိုင်လိုက်သည်..

"ဝေ..."

"............"

"အင်း..ခုလာခဲ့မယ်..."

ဖုန်းချပီးတော့မှ...

"ငါသူငယ်ချင်းတစ်ယောက်ခ်ျိန်းလို့သွားစရာရှိတယ်
နင့်ဘာသာအိမ်ပြန်တော့..."

ရှောင်းကျန့်ပြောစကားမပြောလိုက်ရသေး
Lingကတော့ထွက်သွားပီဖြစ်သည်..သူLing
ကိုအရမ်းချစ်သော်လည်း သူမကတော့သူ့ကိုအမြဲ
လိုလိုပြသနာရှာတာကြောင့် သူတစ်နေ့တစ်ခြား
ဒီ Relationshipကို စိတ်ကုန်လာပီဖြစ်သည်..

သို့သော်ညားလည်း သူသည်းခံပါသည်..
သူLingကိုတော့အဆုံးရှုံးမခံနိုင်ဘူးလေ...

"ကိုကို..."

ရှောင်းကျန့်သစ်ပင်အောက်က ခုံတန်းလေးမှာ
ထိုင်နေတုန်း ... ကိုကိုဆိုသည့်အသံလေးကြား
လိုက်ရသည်...ရှောင်းကျန့်လှည့်ကြည့်လိုက်
တော့ ဟိုကောင်လေး ဝမ်ရီပေါ်...

"ကိုကို..ကျွန်တော့်ကြောင့် ကိုကို့ကောင်မလေး
နဲ့ စကားများသွားတာမလား..ကျွန်တော်တောင်း
ပန်ပါတယ်..."

ဝမ်ရီပေါ်က ရှောင်းကျန့်ဘေးနားဝင်ထိုင်ရင်း
ဆိုသည်...

"မင်းအကုန်ကြားသွားတာလား..."

"နည်းနည်းကြားတာပါ..ကျွန်တော်ခိုးနား
ထောင်ဖို့မရည်ရွယ်ပါဘူး.."

JUST ONLY FOR YOU[Zhanyi/Complete]Tempat cerita menjadi hidup. Temukan sekarang