(Zawgyi Version)
အဝတ်တွေလျှော်လို့ပြီးတော့ ရီပေါ်ကျောင်း
သွားဖို့ပြင်ဆင်ရသည်....ရီပေါ်ရေမိုးချိုးပြီး
မှန်ရှေ့ ဆံပင်ကိုသနေတုန်း ဖုန်းဝင်လာသည်
ကိုကြားလိုက်ရသည်...သူ့ဖုန်းတော့မဟုတ်
ကိုကို့ ဖုန်းဖြစ်သည် ... ကိုကိုကတော့ ယူနီ
ဖောင်းကို လဲနေတာဖြစ်သည်....သေချာတာ
တော့ ရီပေါ်ဒီနေ့လည်း Taxi နဲ့သွားရမယ့်
ကိန်းရှိတယ်....မာမားဆီက ဆိုင်ကယ်လေးပြန်တောင်းချင်
သော်လည်း ဘာလို့ကားနဲ့မသွားတာလဲ ကိုကို
နဲ့တူတူမသွားဘူးလား စသည့်မေးခွန်းများသူ
မဖြေချင်ပါ...ကိုကို့အတွက်လည်းအခက်တွေလိမ့်
မည်...ကိုကိုကလည်း လူငယ်တစ်ယောက်မို့
လူငယ်တစ်ယောက်မို့ သူ့လွတ်လပ်ခွင့်တွေ
ရီပေါ်ကြောင့် ဆုံးရှုံးသွားတာ သူသိပါသည်
ဒါကြောင့် သူ ကိုကို ဘာလုပ်လုပ်လက်ခံပေး
ဖို့ဆုံးဖြတ်ထားသည်..."အင်း...မားပြော!..."
"..................."
"ညနေ လား...အင်းပါတယ်..."
"....................."
"ကောင်းပြီ ဝင်ခဲ့မယ်.......မာမားသမက်ကိုပါ
ခေါ်ခဲ့မှာမို့ ခဏခဏမပြောနဲ့ နားပူတယ် ဒါပဲ
မားးး.."ဖုန်းပြောနေသော ကိုကို့အခြေအနေအရ ကိုကို့
မေမေဆီက ဖုန်းဆက်တာသေချာသည်...ညနေ
ကျရင် ကိုကို့မေမေတို့ဆီ သွားရမည်ထင်သည်.."ဟေ့ကောင်....ညနေ အတန်းဘယ်ခ်ျိန်လွှတ်မှာ
လဲ...""ကိုကို ကျွန်တော်က ညနေပိုင်း အတန်းမရှိ
ဘူး..""မရှိရင်ကောင်းတယ်...ငါ့ကိုစောင့်နေ ကျောင်း
ဆင်းတာနဲ့ မားတို့ဆီဝင်မယ်...မင်းပါလိုက်ရမှာ..""ဟုတ်ကဲ့ကိုကို"
"ငါ့ကိုရွဲ့နေတာလား..!!"
"ဗျာ.? ကျွန်တော် အကောင်းပြောတာပါ"
"အော်...မေ့နေတယ် ပြောရဦးမယ်..."
ရှောင်းကျန့်သည် မှန်တင်ခုံရှေ့တွင်ရီပေါ်ရှေ့
သို့ရောက်သွားပြီး တစ်လှမ်းချင်းတိုးသွားသည်
ရီပေါ်ကတော့ နောက်လန်ကာ ရှောင်းကျန့်အောက်
ပိနေပီဖြစ်သည်...
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)