( Zawgyi Version)
ရဲမှူးကြီးရှေ့ ဂရုမစိုက်ခြင်း အနုပညာနှင့် ဒူးနန့်ပြီး
ထိုင်နေသော ဝမ်ဟောက်ရွှမ်းနဲ့ ကျောက်ရုပ်ကဲ့သို့
တလောကလုံးသူ့လုပ်စာ ထိုင်စားနေတဲ့ရုပ်ကြီးနဲ့
ထိုင်နေတဲ့ ဝမ်ရီပေါ်...ရဲမှူးကြီး ရာထူးကနေတောင်
နှုတ်ထွက်ချင်စိတ်ပေါက်သွားတယ်...တစ်ဖက်တစ်
ချက်တွင်တော့ လူဆိုးနှစ်ကောင်က ထိုင်နေပါ၏...မကြာခင် ရှောင်းကျန့် ပြူးပြူးပြာပြာနှင့်စခန်းထဲ
ဝင်လာသည်...ဟိုဘက်က ပိုက်ဆံလုတယ်ဆိုတဲ့
လူနှစ်ယောက်ရဲ့ မိဘတွေလည်းရောက်နေကြသည်
ထိုနှစ်ယောက်က ကျောင်းသားတွေပဲဖြစ်မယ်ထင်သည်
သူတို့နဲ့မတိမ်းမယိမ်းလောက် ဖြစ်လောက်သည်...ရဲမှူးကြီးက ဟောက်ရွှမ်းရဲ့ အုပ်ထိန်းသူမလာသေး
တာကြောင့်ထပ်စောင့်နေသည်..."ရီပေါ်...ဝမ်ရီပေါ် ဘယ်နားထိခိုက်သွားသေးလဲ..
ပြစမ်း.."ရှောင်းကျန့် ဟိုစမ်းဒီစမ်းနှင့် စစ်လိုက်တော့ ဒဏ်ရာ
တော့မတွေ့ သို့သော် လက်ဖဝါးတွေက နီရဲကာနည်း
နည်းပွန်းနေသည် ... ရှောင်းကျန့်ချက်ချင်း ဟိုနှစ်
ယောက်ဘက်ကို မျက်ထောင့်နီနှင့်ကြည့်လိုက်တော့
ဟိုနှစ်ယောက်ကခေါင်းငုံ့သွားသည်...မျက်နှာမှာလည်း
ဒဏ်ရာတွေအပြည့် ..ရဲမှူးကြီးမှာ မျက်ဆံပင်လန်နေတော့သည်...ဦးအောင်
ဆော်တာ မင်းလူဟ ဆိုပြီး ရှောင်းကျန့်ကိုပြောချင်နေ
သည်...ထိုစဉ် စုန်ကျိရန်မှာလည်း စခန်းထဲသို့ ကမမ်း
ကတမ်း ဝင်လာတော့သည်..."ဒီဘက်က ဝမ်ရီပေါ်ကတော့ထားပါတော့ .. ဝမ်ဟောက်
ရွှမ်း မင်းဘယ်နှစ်ခါရှိနေပြီလဲ..""စခန်းမှူးကြီး ဒါရန်ဖြစ်တာမဟုတ်ဖူးဗျ...သူတို့က
အရင်ဓားပြလာတိုက်လို့ ပြန်ခုခံတာ..."ရဲမှူးကြီးသေချင်နေပြီဖြစ်သည်...
"မင်းတို့ပြန်ခုခံတာကလည်းကွာ..ဟိုနှစ်ယောက်
မှာ တစ်ယောက်က လက်မောင်6းချက်ချုပ်လိုက်
ရတယ် နောက်တစ်ယောက်က ခေါင်းမှာ 9 ချက်ချုပ်
လိုက်ရတယ်..."ထို့နောက် အကုန်ဖြေရှင်းပြီးနောက် ရီပေါ်နဲ့ဟောက်
ရွှမ်းကို စခန်းကနေရအောင်ခေါ်ခဲ့လိုက်တော့သည်
ဟိုနှစ်ယောက်ကတော့ 1လ ထိန်းသိမ်းခံရမည်ဖြစ်
သည်...သို့သော်လည်း စုန်ကျိရန် ဆေးရုံစရိတ်တွေ
တော့ သူတို့အုပ်ထိန်းသူတွေထံပေးခဲ့လိုက်သေးသည်
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)