( Zawgyi Version)
သုံးရက်ကြာပြီဖြစ်သော်လည်းရီပေါ် ထိုင်ရာကမထနိုင်သေးပါ...လမ်းတောင်ကောင်း
ကောင်းမလျှောက်နိုင်သေးတဲ့ အခြေအနေဖြစ်သည်
ကိုကို တိုက်တဲ့ဆေးတွေကို သူသောက်ဟန်ဆောင်
ပြီး ခိုးလွှင့်ပစ်နေတာ ကိုကိုမသိပေ။ ရီပေါ်ဆေး
သောက်ရမှာကိုမုန်းသည်။ နောက်တစ်ချက်ကအခု
လို မထနိုင်တာလည်းကောင်းသည်။ ကိုကိုက သူ့ကို
အရမ်းအလိုလိုက်နေတာလေ။ စားချင်တာတွေဆို
ချက်ချင်းစားရသည်။ဒါပေမယ့် အခုတော့ ရီပေါ်ဆေးတွေလွှင့်ပစ်လို့မရ
တော့ဘူး .. နောက်နှစ်ရက်နေရင် ရီပေါ့်မာမားရယ်
ကိုကို့မာမားရယ်အိမ်ကိုလာလည်ကြမည်ဖြစ်သည်။
လာလည်ပြီး စားစရာတွေအများကြီးချက်ကာ ညစာ
စားပွဲပြုလုပ်မည်တဲ့။ နောက်နှစ်ရက်အတွင်းမသက်
သာရင် ရီပေါ် မာမားရှေ့ ကုန်းကုန်းကွကွနှင့် ရှက်စရာ
ကြီးဖြစ်နေမှာ ။"ရီပေါ် ဆေး သောက်ရတော့မယ် တီဗီချည်းပဲကြည့်မနေနဲ့လေကွာ မျက်လုံးပျက်မှာ
ပေါ့"ရှောင်းကျန့်က ဆေးရယ် ရေခွက်ရယ်ကို ဗန်းလေး
ထဲထည့်လာပေးကာ ဆေးသောက်ဖို့ပြောရင်း
တီဗီအလွန်အကျွံမကြည့်ရန်ပါဆူသည်။ ၀မ်ရီပေါ်
နှုတ်ခမ်းကိုဆူထားလိုက်သည်။"နှုတ်ခမ်းမဆူနဲ့ ဘဲပေါက် ကိုကိုက မင်းထိခိုက်မှာ
စိုးလို့ပြောတာ "ရှောင်းကျန့်က ဆေးလေးကို ရီပေါ်လက်ထဲထည့်ပေး
ရင်းပြောသည်။ ရီပေါ်ကဆေးကို မြန်မြန်ယူကာပါးစပ်
ထဲ မြန်မြန် ပစ်ထည့်လိုက်သည်။ ရှောင်းကျန့်က ရီပေါ်
မေးစေ့အောက်နားကိုလက်ကလေးခံပေးကာ ရေတိုက်
သည်။ ရီပေါ်တို့ ရေသောက်တာက အစ အကြီးကြီး
ဇိမ်ကျနေရှာသည်။ သို့သော် ခံရသည်မှာလည်း မလွယ်
ကူလှချေ။ တော်သေးတယ် အရင်ကလို နေ့တိုင်းမဟုတ်
တာ..။ comaဝင်ပြီးပြန်သတိရလာတဲ့နောက်ပိုင်းရီပေါ်
ခန္ဓာကိုယ်က ပိုပြီးအားနည်းနေတယ်လို့ခံစားရသည်။ရှောင်းကျန့်လည်းဒါကိုသိတာကြောင့် ရီပေါ်မှာအား
ဆေးတွေပါသောက်နေရသည်။"အားဝမ် တစ်ယောက် ဇိမ်ကျနေတယ်ပေါ့လေ..."
ရီပေါ်ကို လက်ကို်င်ပုဝါဖြင့် နှုတ်ခမ်းလေးကို တယု
တယ သုတခပေးနေချိန်တွင် ရီပေါ်မာမားနှင့် ရှောင်း
ကျန့်မာမားတို့ ဝင်လာကြသည်။ လက်ထဲတွင်လည်း
အထုပ်ပေါင်းစုံနှင့် ။ ရီပေါ်ကတော့ သွားရှာသည်။
မားတို့ကဘယ်လိုဖြစ်လို့ ပြောတော့ နောက်နှစ်ရက်
နေမှလာမယ်ဆို။ ခုကျအကြောင်းမကြားပဲ ဗြုန်းစား
ကြီး။
ESTÁS LEYENDO
JUST ONLY FOR YOU[Zhanyi/Complete]
Fanficသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)