(Zawgyi Version)
(သဘောမကျရင် မvoteပါနဲ့နော် Negative Comments တွေတော့ လာမမန့်ပါနဲ့နော်...အစက
တည်းက Drama typeလို့ပြောပြီးသားပါ....ရိုတာ
ကလာတော့မှာပါ...Dramaမို့ အစပိုင်း Dramaချိုး
တာကို အပြစ်ကြီးလိုလာပြောနေတာတော့အဆင်
မပြေလို့ပါ..
အမှားပါရင်လည်းထောက်ပြပေးပါ.စိတ်မဆိုးပါ
ဘူးလို့💚💚 Negative cmtတွေမြင်ရင်စိတ်
မကောင်းဖြစ်မိလို့ပါ)******************
ရီပေါ် ကိုကိုနဲ့ တူတူ ဂိမ်းဆော့ပြီး ခါးနာနေတာ
တောင် ပျောက်သွားသလိုပင် ..ပျော်တယ် သူ့အပေါ်
ိကို ကိုကိုအခုလိုဆက်ဆံပေးလို့လေ.."ရီပေါ်...တီဗီ ရှေ့နားကပ်ပြီး မကြည့်နဲ့လေ...လာ
ကုတင်ပေါ်လာကြည့်"တီဗီနားပိုပြီးကပ်ကြည့်နေတဲ့ရီပေါ်ကို ကုတင်ပေါ်ကနေကြည့်နေတဲ့ရှောင်းကျန့်
က အော်ကာပြောလိုက်သည်..."ကျွန်တော် သိပ်မမြင်ရလို့ကိုကိုရဲ့..."
"ဟင်...မမြင်ရလို့ဆိုတော့ မင်းက ကန်းနေလို့လား.."
"မဟုတ်ဖူး ကိုကိုရဲ့...နည်းနည်းမှုန်နေလို့"
"ဟင်း...မှုန်မှာပေါ့ ဂိမ်းတွေပဲအသေအလဲဆော့
နေတာကို နည်းတောင်နည်းသေးတယ်.. မနက်ဖြန်
ကျောင်းဆင်းရင် မျက်စိအထူးကုဆီသွားမယ်..""ဗျာ...မလိုပါဘူး ကိုကိုရဲ့..ရပါတယ်.."
"ပြောစကားနားထောင် မျက်မှန်သွားလုပ်မယ်
ဒီအတိုင်းမနေနဲ့.....""ဟုတ်ပါပီဗျာ..."
ရီပေါ် နေ့ရက်ကလေးတွေ လင်းလက်လာသလိုပါ
ပဲ...ကိုကိုက တစ်နေ့တစ်နေ့ သူ့ကို ဂရုစိုက်လာတယ်"ကိုကို .. ကျွန်တော့ကိုဂရုစိုက်ပေးလို့ကျေးဇူးပါ"
ရီပေါ်က ရှောင်းကျန့်ကို ပြုံးပြီးကြည့်လိုက်ပေမယ့်
ရှောင်းကျန့်က ကိုယ့် လည်ဂုတ်ကို ကိုယ်ပြန်ပွတ်
ကာ အရှက်ပြေ ချောင်းဟန့်ရင်းပြောသည်.."ဘယ်သူက မင်းကိုဂရုစိုက်လို့လဲ..တစ်အိမ်ထဲ
တူတူနေတာ မင်းမမြင်မကန်းနဲ့တစ်ခုခုဖြစ်ရင်ငါ့
ခေါင်းကျမှာစိုးလို့..."ရီပေါ် ဘာမှပြန်မပြောပဲပြုံးသာပြုံးလိုက်တော့
သည်..."ကိုကို ကျွန်တော် ကိုကို့ကို rank တင်ပေးမယ်
နောက်နေ့တွေလည်း တူတူဆော့ရအောင်နော်"
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)