Just Only For You-(42)《FINAL》

25.7K 1.5K 114
                                    

( Zawgyi Version)

ရီပေါ် မျက်နှာပျက်နေသော ကိုကို့ကိုကြည့်ကာရယ်
ချင်လာသည်။ ကိုကိုဟာတကယ်ပဲ ကလေးမွေးပေး
ရမယ်ဆိုတော့ မျက်နှာပျက်နေတာ သိသာလွန်းသည်
ယုတ်စွအဆုံး ရီပေါ်ကိုတောင် သိပ်စကားမပြောဘူး
ကိုကိုဟာ တကယ့်ကလေးဆိုးကြီးပဲ။

ကိုကို့ကိုစချင်လို့ မသိချင်ယောင်ဆောင်ကာမာမား
တို့စကားဝိုင်းထဲဝင်မပြောခဲ့ခြင်းဖြစ်သည်။ ကိုက
မသိဘူးလား ရီပေါ်က ကိုကို့ကို သိပ်ချစ်တာကို။ကို
ကို့ကို ဘယ်လိုလုပ် ကလေးမွေးခိုင်းရက်မှာလဲ။ မွေး
ရမယ်ဆို ရီပေါ်ပဲမွေးပေးလိုက်ချင်ပါသည်။

"ကိုကို မျက်နှာ ကြီးကဆူပုတ်နေတာပဲ ကျွန်တော့
ကို စိတ်ဆိုးနေတာလား..."

ဘာမှပြန်မပြောချေ။ ကိုကိုကတကယ်ပဲ။

"ကျွန်တော်က ကိုကို့ကို ကလေးမွေးခိုင်းရက်ပါ့
မလား .. ကိုကိုမသိဘူးလား ကိုကို့ကို ကျွန်တော်
မြူမှုန်တစ်မှုန်စာလေးတောင် အထိခိုက်မခံနိုင်
တာကို .. မဖြစ်မနေမွေးရမယ်ဆိုရင်တောင် ကျွန်
တော်ပဲ မွေးပေးမှာပေါ့"

ထိုအခါမှ ရှောင်းကျန့်ဟာ ရီပေါ်ကိုကျော်ပေးထား
ရာမှ မျက်နှာမူလိုက်ပြီး စိုးရိမ်တကြီးဖြင့်

"မမွေးရပါဘူး...ရီပေါ်...ကိုကိုပြောပြီးပြီလေ ..မင်း
ကို ကိုကို ဆေးရုံပေါ်မှာ ထပ်မမြင်ချင်တော့ဘူးလို့
မဖြစ်မနေဆိုတာလည်း ရှိလာမှာမဟုတ်ဖူး ကိုကို့မှာ
ရီပေါ်ရှိသလို ရီပေါ့် ဆီမှာလည်း ကိုကိုပဲရှိရမယ်
ဘယ်ကလေးမှမလိုဘူး...ကိုကိုပြောတာနားလည်
လား..."

ရှောင်းကျန့်က ရီပေါ်ဆံပင်လေးတွေကိုသပ်တင်
ပေးကာ ပြောသည်

"ဒါဆို ကိုကိုက ဘာလို့မျက်နှာကြီးဆူပုတ်နေ
တာလဲ"

"မားပြောသွားတာ အတည်ပေါက်ပုံစံကြီး .. ကလေး
မွေးတာကကိစ္စမရှိပေမယ့် ကိုကို အောက်တော့အ
ရောက်မခံနိုင်ဘူးလေ..."

"ဟားးးးးးဟားးးးးးဟားးးးး....ကိုကိုက...ကိုကိုက
အောက်မှာနေရမှကြ ကြောက်သားနော်..."

ရီပေါ် တစ်ယောက် ကုတင်ပေါ်တင် ခွက်ထိုးခွက်
လန် အူတက်နေအောင်ရယ်တော့သည်။

JUST ONLY FOR YOU[Zhanyi/Complete]Opowieści tętniące życiem. Odkryj je teraz